ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကွယ်လွန်သွားသောဗိုလ်မှူးကြီးဘုန်းမြတ်အားထာ၀ရရှင်သန်လင်းလက်တောက်ပနေမည့် ကြယ်တစ်ပွင့်အဖြစ် AAထုတ်ပြန်ချက်တွင် ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ ဇူလိုင် ၁၈/၂၀၂၁

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့  မွန်းတည့်အချိန်မှာ ကိုရိုနာကူးစက်မြန်ရောဂါပိုး (COVID-19) ကူးစက်ခံရပြီးနောက် ကွယ်လွန်သွားသော ရက္ခိုင့်တပ်တော်မှ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဘုန်းမြတ် (၄၀) နှစ်အား ရက္ခိုင့်တပ်တော်နှင့် ရက္ခိုင်ပြည်သူလူထု၏ရင်ထဲတွင် ထာဝရရှင်သန် လင်းလက်တောက်ပနီမည့် ကြယ်တစ်ပွင့်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း က္ခိုင့်တပ်တော်စစ်ရုံးချုပ်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီးဘုန်းမြတ်ကွယ်လွန်ပြီး နာရီပိုင်းအကြာတွင် ထုတ်ပြန်သော ထုတ်ပြန်ချက်အထဲတွင် ရက္ခိုင့်တော်လှန်ရီး၊ ရက္ခိုင့်တပ်တော်၊ ရခိုင်တစ်မျိုးသားလုံးအတွက် စံပြနမူနာယူထိုက်သော စံပြတပ်မှူးကောင်းတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ် အသက်ကြွေလွင့်သွားဲ့ရသော်လည်း သူ့လုပ်ရပ်၊ သူ့မှတ်တမ်း၊ သူ့သမိုင်းပုံရိပ်များသည် ရက္ခိုင့်တပ်တော်၊ ရက္ခိုင်ပြည်သူလူထု၏ရင်ထဲတွင် ထာဝရရှင်သန် လင်းလက်တောက်ပနီမည့် ကြယ်တစ်ပွင့်၊ ထာဝရမွှေးပျံ့နေမည့် ပန်းတစ်ပွင့်အဖြစ် ဆက်၍ ရှိနေမည်မှာ အသေအချာဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုလ်မှူးကြီးဘုန်းမြတ်မှာ အဖ ဦးမောင်သန်းကျော်(ကွယ်လွန်)၊ အမဒေါ်တင်တင်တို့မှ မွေးဖွားသော သားဖြစ်ပြီး ကျောက်တော်မြို့နယ်ဇာတိ ဖြစ်ကြောင်း သိရသည်။

က္ခိုင့်တပ်တော်၊ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း  အနိစ္စ၊ သင်္ခါရတရားကို နားလည်ဂေလည့် အကြွီစောရေ ကြယ်တပွင့်အတွက် ယူကျုံးမရ ကြီကွဲရပါ၏။ မင်း၏ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားဟိရေသစ္စတရာ ပီးဆပ်မှု့ စွမ်းဆောင်မှု့ စွန့်လွှတ်မှု့တိကို ဦးညွှတ်ဂုဏ်ပြုလိုပါရေ။ မင်းစွာ ရက္ခိုင်ပြည်သူရို့ရင်ထဲမှာ ထာ၀ရ ထွန်းလင်းနီဖို့ ကြယ်တစ်ပွင့်ဟု သူ၏ တွစ်တာတွင် ရခိုင်ဘာသာဖြင့် ဖော်ပြရေးသားထားသည်။

 

ဆက်စပ် သတင်းများ