ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

DKBA စစ်ဦးစီးချုပ်စောမိုရှေးကိုဗစ်ဖြင့်ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 1k

နိရဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၁
ကိုဗစ်ရောဂါဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးသည် ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။
မင်္ဂလာဒုံ စစ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ကုသနေစဥ် ယနေ့ ညနေ ၄ နာရီ ၄၀ ခန့်တွင် သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာများတွင် သတင်းဖော်ပြသည်။
စောမိုရှေးသည် ဇူလိုင်လ အစောပိုင်းကတည်းက မင်္ဂလာဒုံစစ်ဆေးရုံတွင် ကိုဗစ်ရောဂါကို တက်ရောက်ကုသနေခဲ့ပြီး ရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်ဟု သိရသည်။
ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ်စောလားပွယ် ကွယ်လွန်ပြီး ၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စောမိုရှေးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်ခဲ့သည်။

ဆက်စပ် သတင်းများ