ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တိုင်းနှင့်ပြည်နယ်ယခင်ကောင်စီကို အမည်သစ်ဖြင့်ပြောင်းလဲဖွဲ့စည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီး၇ ဦးအမည်စာရင်းထုတ်ပြန်ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

အောင်ဇံ

နိရဉ္စရာ၊ ဩဂုတ် ၁

တိုင်းဒေသကြီးနှင့်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အမည်ဖြင့်ပြောင်းလဲဖွဲ့စည်းကြောင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ယနေ့ ထုတ်ပြန်ကြေညာသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၇ ဦးအမည်စာရင်းကို ထုတ်ပြန်ကြေညာရာ ပါဝင်သည့် ဝန်ကြီးများ၏ အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဒေါက်တာအောင်ကျော်မင်း(ဝန်ကြီးချုပ်)

ဗိုလ်မှုးကြီး ကျော်သူရ( လုံခြုံရေးနှင်နယ်စပ်ရေးရာဝန်ကြီး)

ရဲမှူးကြီး သက်လွင်( လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)

ဦးအောင်မျိုး(လူမှုရေးရာဝန်ကြီး)

ဦးသန်းထွန်း(သယံဇာတရေးရာဝန်ကြီး)

ဦးစံရွှေမောင်(စီးပွားရေးရာဝန်ကြီး)

ဦးတင်လှ(တိုင်းရင်းသားရေးရာဝန်ကြီး)


၎င်းအပြင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးသည် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ