စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

AFP ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးဖမ်းဆီးခံရကြောင်း ဒေါက်တာအေးမောင်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.4k

နိရဉ္စရာ၊ နိုဝင်ဘာ /၂၀၂၂

ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးကို ဖမ်းဆီးခံရကြောင်း ကြားသိရသည်ဟု ၎င်းပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က ပြောဆိုသည်။

သို့သော်လည်း မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ဆိုသည်။"ဖမ်းဆီသွားတာ ဟုတ်တယ်လို့ ကြားတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မကြေညာသေးဘူး။ ကျွန်တော်က စစ်တွေမှာမဟုတ်လို့ အတိအကျကိုတော့မသိပါဘူး။ ခန့်မှန်းကတော့ နိုဝင်ဘာ ၂ ရက်နေ့လို့ ထင်တယ်"ဟု ပြောသည်။

လက်ရှိမှာ (AFP) ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်မှာ စစ်တွေတွင် မရှိ၍ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိခြင်းမရှိသေးကြောင်း ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌကို စစ်တွေမြို့မှ  ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဦးကျော်ဇောဦးသညရခိုင့်ဦးဆောင်ပါတီဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သလို ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်ကာ ပထမအကြိမ် လွှတ်တော်သက်တမ်း (၂၀၁၀-၂၀၁၅) တွင် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားအဖြစ်လည်း ရွေးချယ်တင်မြောက်ခံခဲ့ရသူ ဖြစ်သည်။

အသေးစိတ်သိရှိနိုင်ရန် ဦးကျော်ဇောဦး၏ မိသားစုဝင်များကိ နိရဉ္စရာအနေနှင့် ကြိုးစားဆက်သွယ်နေသော်လည်း အဆက်အသွယ် မရရှိသေးပါ။ (NN-7)


(ဓာတ်ပုံ- AFP page)

ဆက်စပ် သတင်းများ