စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် NLD မှ ဝန်ကြီးဟောင်းဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်အပါအဝင် သုံးဦးကို လက်နက်ကိုင်လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) မှ ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ယနေ့ နံနက် ၁ဝ နာရီခန့်က လက်နက်ကိုင် လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က နိရဥ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

၎င်းတို့အား တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် လက်နက်ကိုင်လူတစ်စုက ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း ဦးတင်သိန်းအောင်က ပြောကြားသည်။

“သူတို့ကို ဒီနေ့မနက်မဲဆွယ်စည်းရုံးရေး လုပ်ဖို့ လုပ်သွားတဲ့အချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့လူတစ်စုက လာရောက်ဖမ်းဆီးသွားတာပါ။ သူတို့ထမင်းစားဖို့ လုပ်နေတဲ့အချိန်မှာ ဝင်ဖမ်းသွားတာပါ” ဟုပြောသည်။

မည်သည့် အဖွဲ့အစည်းမှ ဖမ်းဆီးသွားသည်ကို မသိရှိရသေးကြောင်း သေနတ်များ ကိုင်ဆောင်ထားကာ၊ ယူနီဖောင်းများဝတ်ဆင်ထားသည်ဟုလည်း ကြားသိရကြောင်းသူကဆက်ပြောသည်။

“ဘယ်အဖွဲ့အစည်းကဆိုတာတော့ ကျွန်တော်တို့လညး် မသိသေးပါဘူး။ သက်ဆိုင်ရာ ရဲစခန်းတွေကို တိုင်ကြားထားပါတယ်။ စိုးရိမ်ရတာပေါ့ဗျာ။ သေနတ်တွေနဲ့လို့သိရတယ်” ဟု တောင်ကုတ် မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောသည်။

စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်မှာ တောင်ကုတ်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဒေါ်နီနီမေမြင့်မှာလည်း တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာက လာမည့် ရွေးကောက်ပွဲတွင် ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ