ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်တန်းစာမေးပွဲ သိပ္ပံတွဲနှင့် ဘောဂတွဲကျောင်းသူ/သားများ ယနေ့ဖြေဆိုပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

မြထွီးသျှင်
နိရ ဉ္စရာ၊ ဧပြီ ၆ / ၂၀၂၂
ကျင်းပလျက်ရှိသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံတွဲနှင့် ဘောဂတွဲကျောင်းသူ၊ ကျောင်းသားများသည် ယနေ့ ဖြေဆိုပြီးစီးသွားကြပြီဖြစ်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်အထိကျင်းပလျက်ရှိရာ ယနေ့ ဧပြီလ ၆ ရက်တွင် သိပ္ပံတွဲနှင့် ဘောဂတွဲကျောင်းသူ၊ ကျောင်းသားများ ဖြေဆိုပြီးစီးသွားကြခြင်းဖြစ်သည်။
ရခိုင်ရှိ စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုပြီး၍ အပြင်သို့ထွက်လာစဉ်တွင် ကျောင်းသူ၊ ကျောင်းသားများအချင်းချင်း ပျော်ရွှင်စွာရေပက်ကစားခဲ့ကြသည်ကိုတွေ့ရသည်။
ရခိုင်တွင် စာစစ်ဌာန ၁၂၈ ခု၌ ကျောင်းသူ၊ ကျောင်းသားပေါင်း ၄ သောင်း ၁ ထောင်ကျော်ဝင်ရောက်ဖြေဆိုနေကြကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဓာတ်ပုံ - မြထွီးသျှင် / နိရ ဉ္စရာ

ဆက်စပ် သတင်းများ