သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် စစ်တွေတက္ကသိုလ် နေ့သင်တန်းကို ယနေ့ စတင်ဖွင့်လှစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 785

နိရဉ္စရာ၊ မေ ၁၂ /၂၀၂၂
ကိုဗစ်ကြောင့် ပိတ်ထားခဲ့သည့် စစ်တွေတက္ကသိုလ်နေ့သင်တန်းကို ယနေ့ မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်နေပြီဖြစ်သည်။
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် စစ်တွေတက္ကသိုလ်နေ့သင်တန်းအသီးသီးကို ယနေ့မှစ၍ ဇူလိုင် ၂၇ ရက်နေ့အထိ ဖွင့်လှစ်သွားဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၅ ရက်ကလည်း စစ်တွေတက္ကသိုလ်ရှိ ဝိဇ္ဇာ၊ သိပ္ပံ နောက်ဆုံးနှစ်အတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ ပဥ္စမနှစ် ဥပဒေတန်း၊ မဟာအရည်အချင်းစစ်အတန်း၊ ပထမနှစ် မဟာအတန်းနှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းတို့ကို စတင်ဖွင့်လှစ်ခဲ့သည်။
တက္ကသိုလ်၊ ဒီကရီ၊ ကောလိပ်ကျောင်းများကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ကြရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ