သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူ ၃၃ ဦးကို ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးပို့ဆောင်ရာတွင် ရခိုင်မှ ကျောင်းသူ ၂ ဦးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.3k

 

နိရဥ္စရာ ဇူလိုင် ၁၀ ၊ ၂၀၂၂

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးကို ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးပို့ဆောင်ရာတွင် ရခိုင်မှ ကျောင်းသူ ၂ ဦးပါဝင် ကြောင်း သတင်းရရှိသည်။

 

ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့်စင်္ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

ရခိုင်ပြည်မှ ကျောင်းသူ ၂ဦးသည် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်၌

အမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့ပြီး၊ မြန်မာတစ်နိုင်ငံမှာလည်း  Top Ten အမှတ်အများဆုံး ၁၀ ဦးထဲတွင်ပါဝင်ခဲ့သည်ဟု သိရသည်။

 

၎င်းတို့မှာ မြောက်ဦးမြို့နယ် တိမ်ညိုတောင်ပိုင်းက ဦးထွန်းမြ နှင့် ဒေါ်ခင်သန်းမူတို့၏ သမီး မနှင်းယုဝေနှင့် ရမ်းဗြဲမြို့နယ်က ဦးအောင်ထွန်းနှင့် ဒေါ်စောမြတ်မွန်တို့၏သမီး မသင်းရဒီထွန်းတို့ ဖြစ်ကြသည်။

 

မနှင်းယုဝေသည်  မြောက်ဦးအထက (၁)ကျောင်းမှ  (၅)ဘာသာဂုဏ်ထူးရှင်ဖြစ်ပြီး  မြန်မာ ၊ သင်္ချာ၊ ဓါတုဗေဒ ၊ရူပဗေဒ ၊ ဘောဂဗေဒ ( ဝိပ္ပံဘာသာ)တွဲ အမှတ် ၅၁၀ မှတ်ရပြီး၊ မြန်မာနိုင်ငံအဆင့် ၆ ဖြစ်ပြီး ရခိုင်ပြည်က အမှတ်အများဆုံး ပထမရရှိခဲ့သည်ဟုသိရသည်။

 

မသင်းရဒီထွန်းသည်  စစ်တွေမြို့ ရွှေပျိုးခင်းကိုယ်ပိုင် အထက်တန်ကျောင်းမှ သင်္ချာ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ (ဝိပ္ပံဘာသာ)တွဲ  လေးဘာသာ ဂုဏ်ထူး မှတ် ၅၀၈ မှတ် မြန်မာနိုင်ငံ အဆင့် ၇ဖြစ်ပြီး၊ ရခိုင်ပြည်မှ  ဒုတိယ အမှတ်အများဆုံး ရရှိခဲ့သူဖြစ်သည်ဟုသိရသည်။

 

ထိုကျောင်းသူနှစ်ဦးသည် ဇူလိုင်လ ၄ရက်နေ့က ရန်ကုန်ကနေ ထိုင်းကိုစထွက်ပြီး ထိုင်းတွင်   ရက် လေ့လာခဲ့ပြီး  ဇူလိုင်လ ၆ ရက်နေ့ စင်္ကာပူကို ထပ်မံ ထွက်ခွာကာ  စင်္ကာပူခရီး ၂ရက လေ့လာခဲ့ပြီး ဇူလိုင်လ ၈ရက်နေ့ တွင် ရန်ကုန်ကို ပြန်ရောက်လာခဲ့သည်ဟု ၅ဘာသာဂုဏ်ရှင် မနှင်းယုဝေက နိရဉ္စရာသတင်းဌာနကို  ပြောသည်။ 

 

" သမီး ငယ်ငယ်တုန်းကနေ နိုင်ငံခြားကိုထွက်ချင်တဲ့အိပ်မက်တွေရှိခဲ့ဖူးပါတယ်။ အခုက အမှန်တကယ် သွားရတော့ အရမ်းဝမ်းသာပါတယ်။ နိုင်ငံခြားကတိုးတက်မှုတွေကိုလည်း အများကြီး လေ့လာခွင့်ရတဲ့ အတွက် ပီတိလည်းဖြစ်ပြီးတော အတွေ့အကြုံတွေလည်း အများကြီးရလာပါတယ် "ဟုပြောသည်။

 

၎င်းလေ့လာရေးခရီးစဉ်သည် စစ်ကောင်စီ ဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊  ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး၌ အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးအား ချီးမြှင့်ဂုဏ်ပြုသည့်အနေဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။( NN-13)

ဆက်စပ် သတင်းများ