ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မတ်လ ၈ ရက်နေ့စတင်မည့် ဆယ်တန်းသင်ရိုးစနစ်ဟောင်း နောက်ဆုံးအကြိမ်ကျင်းပမည့်စာမေးပွဲတွင် ရခိုင်က ကျောင်းတွင်းဖြေဆိုမည့်သူ ၄၀၈ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၁၈၇၅၇ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.3k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၁/၂၀၂၃ 

၂၀၂၃ ခုနှစ် ဆယ်တန်းသင်ရိုးစနစ်ဟောင်းအတွက် မတ်လ (၈) ရက်စတင်ကျင်းပမည့်  နောက်ဆုံး အကြိမ်ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ရခိုင်ပြည်နယ်တွင် ကျောင်းတွင်းဖြေဆိုမည့်သူ ၄၀၈ ဦးနှင့် ပြင်ပဖြေဆိုမည့်သူ ၁၈၇၅၇ ဦး စုစုပေါင်း ၁၉၁၆၅ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


၀၂၃ ခုနှစ် ဆယ်တန်းသင်ရိုးစနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ  ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာများကို စစ်ကောင်စီပိုင် ကြေးမုံသတင်းစာတွင် ဖေဖော်ဝါရီ (၉) ရက်နေ့မှစကာ ဖော်ပြနေသည်ဟု ပညာရေးဝန်ကြီးဌာနက ကြေငြာထားသည်။ 

 

အဆိုပါစာမေးပွဲအထောက်အကူပြု ဘာသာရပ်များကို ကြေးမုံသတင်းစာတွင် ယနေ့ ဖေဖော်ဝါရီ (၉) ရက်နေ့မှာ မြန်မာစာ၊ (၁၀) ရက်နေ့တွင် အင်္ဂလိပ်စာ၊ (၁၁) ရက်နေ့တွင် သင်္ချာ၊ (၁၂)ရက်နေ့တွင် ဓာတုဗေဒ၊ (၁၃)ရက်နေ့တွင် ရူပဗေဒ၊ (၁၄)ရက်နေ့တွင် ဇီဝဗေဒ၊ (၁၅)ရက်နေ့တွင် ဘောဂဗေဒ၊ (၁၆)ရက်နေ့တွင် ပထဝီဝင်၊ (၁၇)ရက်နေ့တွင် သမိုင်း၊ (၁၈)ရက်နေ့တွင် စိတ်ကြိုက်ကြိုက်မြန်မာစာ စသည်ဖြင့်ဖော်ပြပေးသွားမည်ဟု သိရသည်။

 

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာန ၂၁၈ ခုကို ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုမည့်သူဦးရေနည်းသဖြင့် ယခင်နှစ်ထက် စာစစ်ဌာန အရေအတွက် လျော့နည်းနိုင်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က နိရဥ္စရာကို ပြောဆိုထားသည်။

ဆက်စပ် သတင်းများ