ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တိုင်းရင်းသားဘာသာစကားသင်ကြားရန်ဆရာဆရာမ ၁၄၈၂ ဦး ခန့်ထားပြီးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၂၇ / ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း ၁၇ မြို့နယ်တွင် တိုင်းရင်းသားဘာသာစကားသင်ကြားရန်အတွက် ကျောင်းဆရာ ဆရာမ ၁၄၈၂ ဦးကို ခန့်အပ်ထားပြီဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက ပြောသည်။

၄င်းကို စက်တင်ဘာလ ၂၇ ရက်နေ့ကပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေတွင် ဝန်ကြီးဒေါက်တာ ချမ်းသာက ကပြောသွားခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ နေ့စား လပေးဆရာ ၁၄၈၂ ဦး ခန့်ထားပြီးဖြစ်တယ်။ နောက်ထပ်လည်း ခန့်ထားဖို့ရှိပါတယ်”ဟု ဝန်ကြီး ဒေါက်တာချမ်းသာက ဆိုသည်။

တိုင်းရင်းသားဘာသာစကားသင်ကြားပေးရန် ခန့်အပ်ထားသည့် ဆရာ ဆရာမများအနက် ၁၂၄ ဦးသာ အလုပ်ဝင်ရ ကျန်ရှိနေသေးသည်ဟုလည်း ဝန်ကြီး ဒေါက်တာချမ်းသာ ဆက်ပြောခဲ့သည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းချက်အရ နေ့စားလပေး ကျောင်းဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးအတွက်  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ စိစစ်ထောက်ခံချက်ဖြင့် ရခိုင်အပါအဝင် ချင်းနှင့် ခမီ စုစုပေါင်း ဆရာဆရာမ ဦးရေ ၂၉၅၁ ဦးအားခန့်အပ်ရန် လိုအပ်ကြောင်း  ၂ဝ၁၉ ခုနှစ် ဧပြီလအတွင်းက အဆိုပြုတင်ပြခဲ့သော်လည်း ၁၄၈၂ ဦးကို သာခန့် ထားနိုင်ခြင်းဖြစ်သည်ဟု စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ပြောဆိုခဲ့သည်။


ဆက်စပ် သတင်းများ