စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

၁၉၉ဝ-၂ဝဝဝ စစ်တွေဒီဂရီကောလိပ်/တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ ဒုတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနား တောင်ကုတ်တွင်ကျင်းပပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.1k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂/၂ဝ၁၉

၁၉၉ဝ-၂ဝဝဝခုနှစ်ထိ စစ်တွေဒီဂရီကောလိပ်နှင့် စစ်တွေတက္ကသိုလ်တွင် တက်ရောက် ပညာသင်ဆည်းပူးခဲ့ကြသည့် ကျောင်းသားကျောင်းသူများ၏ ဒုတိယ အကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို တောင်ကုတ်မြို့တွင် ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

၎င်းမြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို တောင်ကုတ်မြို့၊ တောင်ကုတ်ဒီဂရီ ကောလိပ်တွင်ကျင်းပရာ ဆရာ ဆရာမ ၈၆ ဦး၊ ကျောင်းသား ကျောင်းသူဟောင်း စုစုပေါင်း ၄၈ဝ ကျော်တက်ရောက်ခဲ့သည်ဟု ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ တောင်ကုတ်ဒေသခံ ကိုသန်းဋ္ဌေးက ပြောသည်။

“ နှစ် ၂ဝ ၊ နှစ် ၂၅ နှစ်ဝေးကွာနေတဲ့ ဆရာ ဆရာမတွေကို ပူဇော်ကန်တော့တာပါ။ အဲဒီအချိန်က စစ်တွေ ဒီဂရီကောလိပ်နဲ့ တက္ကသိုလ်မှာ တက်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေလည်း အခုအခါ ဝန်ထမ်းတွေ ဖြစ်လိုက်၊ စီးပွားရေးသမားတွေ ဖြစ်လိုက်၊ နိုင်ငံရပ်ခြားကို ရောက်လိုက်နဲ့ ဘဝတွေကို ပုံစံမျိုးနဲ့ ရုန်းကန်နေကြရမှာ ဆရာ ဆရာမတွေရဲ့ ကျေးဇူးက အရမ်းကြီးမားပါတယ်။ ဒီကရလာတဲ့ အသီးအပွင့်တွေပါ။ ဒါတွေကို မမေ့နိုင်အောင်၊ ပီးရင် ကျေးဇူးဆပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ ဒီမြတ်ဆရာ ပူဇော်ပွဲကို ပြုလုပ်ရတာပါ” ဟု ကိုသန်းဋ္ဌေးက ပြောဆိုသည်။

မြတ်ဆရာပူဇော်ပွဲကို ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲကစတင်ပြီး နံနက် ၁ဝ နာရီခွဲက ပြုလုပ်ခဲ့ပြီး မိတ်ဆုံညစာစားပွဲကို ညနေ ၅ နာရီ ၉ နာရီထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

နေထိုင်စားသောက်ရေးကို Family Type အနေဖြင့် ပြုလုပ်ကြောင်း၊ မိသားစု စိတ်ဓာတ်ဖြင့် မိမိတို့ ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးကြောင်း၊ တောင်ကုတ်ဒီဂရီ ကောလိပ်ကျောင်းအုပ်ဆရာကြီးနှင့် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အစစအရာရာ ကောင်းမွန်အောင် စီစဉ်ထားကြောင်း ၎င်းကပြောကြားသည်။

“ ဒီလို မြတ်ဆရာ ပူဇော်ပွဲ လုပ်ခြင်းအားဖြင့် ဝေးကွာနေတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ ပြန်လည် ဆုံစည်းခွင့်ရတယ်။ တစ်ချိန်တစ်ခါ တက္ကသိုလ် ကောလိပ်ကျောင်းသားတွေရဲ့ ဘဝတွေကို ပြန်လည် လွမ်းမောမိတယ်။ အခုလို တွေ့ကြတော့ အချင်းချင်းကြား နားလည်မှုတွေ၊ ညီညွတ်မှုတွေရပါတယ်။ ဒီကတစ်ဆင့် အတွေးအခေါ်တွေ၊ အမြင်တွေ ဖလှယ်ကြပြီး ကိုယ်လူမျိုး၊ ကိုယ်ပြည်နယ် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နိုင်မယ့် အတွေးအခေါ်တွေရကြတယ်။ အကျိုးကျေးဇူးတွေက အများကြီးပါပဲ” ဟု ကိုသန်းဌေးက ပြောဆိုသည်။

ညနေပိုင်း မိတ်ဆုံစားပွဲတွင် ကျောင်းသား ကျောင်းသူဟောင်းများကိုယ်တိုင် စင်ပေါ်သို့ တက်ရောက် သီဆို ဖြေဖျော်ခဲ့ကြရာ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ဖြင့် မြတ်ဆရာပူဇော်ပွဲမှာ အထူးစည်ကားခဲ့သည်ဟု သတင်းရရှိသည်။

-----------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၂/၂ဝ၁၉








ဆက်စပ် သတင်းများ