ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက်ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသူ/ကျောင်းသား ၄ဝဝဝ ကျော်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

နီမင်းထွန်း၊ ချစ်အိလိူင်
နိရဥ္စရာ၊ မတ်လ ၁၁/၂ဝ၂ဝ

တိုက်ပွဲများ ပြင်းထန်နေသော ရခိုင်ပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့တွင် ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသူ/ ကျောင်းသား ၄ဝ၂၂ ဦး ရှိကြောင်း သတင်းရရှိသည်။

၄င်းပျက်ကွက်ခဲ့သည့်ကျောင်းသူ/ကျောင်းသားများမှာ စစ်တွေခရိုင်မှ ၁၁၈၅ ဦး၊ မြောက်ဦးခရိုင်မှ ၈၆၂ ဦး၊ ကျောက်ဖြူရိုင်မှ  ၁ဝဝ၂ ဦး၊ မောင်တောခရိုင်မှ ၃ဝ၇ ဦးနှင့် သံတွဲခရိုင်မှ ၆၆၆ ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

စစ်ဘေးရှောင်စခန်းများတွင် ငွေကြေးမတက်နိုင်၍ ဖောင်တင်ပြီးမှ စာမေးပွဲ ဝင်ရောက် မဖြေဆိုနိုင်သည့် ကျောင်းသူ/ ကျောင်းသားအများအပြားရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ ဥက္ကဋ္ဌ ဦးရွှေဘော်စိန် ကပြောသည်။

“စစ်ဘေးရှောင်တွေထဲမှာ ကိုယ့်ဒေသကတွဲဖက်ကျောင်းတွေမှာ အထက်တန်းပညာသင်ခဲ့တဲ့ ကျောင်းသားတွေရှိတယ်။ နောက်ပြီး မြို့ပေါ်ကဆွေမျိုးတွေဆီမှာ ခိုကပ်ပြီးပညာခဲ့တဲ့ ကျောင်းသား တွေလည်းရှိတယ်။ သူတို့မှာ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာ မိဘတွေက သားသမီးတွေအတွက် မတတ်နိုင်လို့ စာမေးပွဲ ဝင်မဖြေဖြစ်ကြဘူး”ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်အအအတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းစသည့် ၈ မြို့နယ်မှ စာစစ်ဌာန(၃ဝ)ခန့်ကို လုံခြုံရေးကြောင့်ဟုဆိုကာ ပြောင်းရွှေ့စစ်ဆေးသွားကြောင်းလည်း ယခုကဲ့သို့ ဖြေဆိုသည့်ကျောင်းသားဦးရေ အများအပြား ပျက်ကွက်ရခြင်းဖြစ်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ထောက်ပြထားသည်။

ယခုနှစ် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  မသန်စွမ်းကျောင်းသား ၇ ဦးနှင့် ဆေးရုံတွင်(၇)ဦးတို့ ဝင်ရောက်ဖြေဆိုနေကြောင်း သိရသည်။

မသန်စွမ်း ကျောင်းသားများမှာ မြောက်ဦးမြို့နယ်မှ(၅) ဦး၊ မင်းပြားမှ(၁)ဦးနှင့် စစ်တွေမြို့နယ်မှ(၂) ဦးတို့  စုစုပေါင်း (၈) ဦး ဖြေဆိုမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ စာရင်းထုတ်ပြန်ထားသော်လည်း မြောက်ဦးမြို့နယ်တွင် (၄) ဦးသာဖြေဆိုခဲ့သဖြင့် စုစုပေါင်း  မသန်စွမ်းကျောင်းသား ၇ ဦးသာ  မြောက်ဦးမြို့နယ် ပညာရေးမှူး ဦးကျော်သိန်းက နိရဥ္စရာ သတင်းဌာနအား ပြောသည်။

ဆေးရုံတွင်ဖြေဆိုသူများမှာ ရသေ့တောင်မြို့နယ်မှ (၂)ဦး၊ မာန်အောင်မြို့နယ်မှ (၂)ဦးနှင့် ကျောက်ဖြူမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းနယ်တို့တွင် တစ်ဦးစီ ဖြေဆိုနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ကျောင်းသား ၄ဝ၂၂ ဦး ပထမနေ့ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သော်လည်း ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ကျောင်းသား ဦးရေ ၄၅၁၆၁ ဦးရှိကြောင်းသိရသည်။

-----------------------------

နိရဉ်စရာ၊ မတျလ ၁၁/၂ဝ၂ဝ










ဆက်စပ် သတင်းများ