စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တက္ကသိုလ်များတွင် ကိုဗစ်ကြောင့်ပိတ်ထားရသည့်အတန်းများကို မေလ ၁၂ ရက်၌ စဖွင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.3k

မြထွီးသျှင်
စစ်တွေ၊ မတ် ၃ဝ / ၂ဝ၂၂
တက္ကသိုလ်များတွင် ကိုဗစ်ကြောင့်ပိတ်ထားရသည့်အတန်းများကို လာမည့်မေလတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ယမန်နေ့ မတ်လ ၂၉ ရက်က နေပြည်တော်ရှိ နစကကောင်စီရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ကောင်စီအစည်းအဝေး၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်ဟု ယနေ့ မတ်လ ၃ဝ ရက်ထုတ် နစကပိုင်သတင်းစာတွင် ဖော်ပြထားသည်။
“တက္ကသိုလ်များကို ပြီးခဲ့သည့်နှစ် မေလ ၅ ရက်မှစတင်၍ နောက်ဆုံးနှစ် မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာဘွဲ့သင်တန်းများ ဖွင့်လှစ်ခဲ့ကြောင်း၊ အလားတူ အဆင့်မြင့်တန်းများနှင့် အဝေးသင်သင်တန်းများကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း၊ မေလလယ်မှစ၍ ကျန်ရှိသည့်အတန်းများအားလုံး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်”ဟု နစကဥက္ကဋ္ဌ၏ ပြောဆိုချက်ကို နစကပိုင်သတင်းစာတွင် ဖော်ပြထားသည်။
စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာမှူး ဦးကျော်နိုင်ဦးကလည်း ပညာရေးဝန်ကြီးကပြုလုပ်သည့်အစည်းအဝေးတွင် လာမည့်မေလ ၁၂ ရက်တွင် စဖွင့်မည်ဟုပြောကြားခဲ့ကြောင်း နိရ ဉ္စရာကို ပြောသည်။
"လက်ရှိပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ပထမနှစ်ဂုဏ်ထူးတန်းတွေပါ၊ နေ့သင်တန်းတွေပါ။ အဝေးသင်ကတော့ မသိရသေးပါဘူး" ဟုပြောသည်။
စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃ ထောင်ကျော်ရှိကြောင်းလည်း သိရသည်။
ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မေလ ၅ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရခိုင်မှ စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့လည်း ပါဝင်ခဲ့သည်။
ပြန်လည်ဖွင့်လှစ်ခဲ့ချိန်က စစ်တွေတက္ကသိုလ်တွင် ဝိဇ္ဇာ၊ သိပ္ပံ နောက်ဆုံးနှစ်အတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ ပ ဉ္စမနှစ် ဥပဒေတန်း၊ မဟာအရည်အချင်းစစ်အတန်း၊ ပထမနှစ် မဟာအတန်းနှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းတို့ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်များကို ၂၀၁၉ ခုနှစ် မတ်လမှစတင်ကာ ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ကြရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ