ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် စစ်ရှောင်များအားပို့ဆောင်သည့် သုံးဘီးမှောက်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 939

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ စစ်ဘေးရှောင်သည့် မိသားစုတစ်ခု စီးလာသည့်  သုံးဘီးမှောက်၍ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟုသတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာ ၂၆ရက် နေ့လယ် ၂နာရီကျော်ခန့် သုံးဘီးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြိုနယ်လူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

" သူတို့မိသားစုကကျောက်ဆိပ်ကပါ။ ကျောက်ဆိပ်က ဟိုးအရင်ကတည်းက မကြာခဏ လက်နက်ပစ်တာခံရတော့ သူတို့ကစိုးရိမ်စိတ်နဲ့ တခြားနေရာကိုစစ်ဘေးရှောင်ကြတာ။ ရွာကအထွက် ဆိုင်းဘိုးနားမှာပဲ ‌မှောက်သွားတာ။ အမျိုးသမီးကြီး ဒဏ်ရာကတော်တော်ပြင်းပါတယ်" ဟုပြောသည်။

ဒဏ်ရာရရှိသူမှာ အသက် ၆၀အရွယ် ဒေါ်လှနုစိန်ဖြစ်ပြီး ညာဖက်မျက်လုံးတွင်ဒဏ်ရာစိုးရိမ်ရပြီး၊ နူတ်ခမ်းများ ပဲ့သွားကြောင်းဒေသခံများကပြောသည်။

လက်ရှိတွင်သူမ၏ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေမြို့ဆေးရုံကို ပို့ဆောင်လိုက်ရသည်ဟု အသင်းတာဝန်ရှိသူ တစ်ဦးကနိရဉ္စရာကိုပြောသည်။

" ပုဏ္ဏားကျွန်းဆေးရုံသွားတော့ဆရာဝန်ကြီးက ဒဏ်ရာစိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို သွားခိုင်းပါတယ်" ဟုပြောသည်။

အဆိုပါ သုံးဘီးယာဉ်တွင် လူ ၁၀ဦးခန့်ပါရှိပြီး ကျောက်ဆိပ် ကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ် ဘုရားပျက်ပိုက်ဆိပ်စစ်ဘေးရှောင်စခန်းသို့ စစ်​ရှောင်ရန် ထွက်လာကြစဉ် အဆိုပါ သုံးဘီးတိမ်းမှောက်မှု ​ဖြစ်ပွားခဲ့သည်ဟုသိရသည်။(NN-11) 

ဆက်စပ် သတင်းများ