စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုဟု သတင်းဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 421

နိရဉ္စရာ၊ မတ် ၆/ ၂၀၂၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း ယနေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ဖော်ပြသည်။


သူရဦးအောင်ကိုသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ်ရှစ်မျိုးကို နှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များထံမှ ငွေကျပ်သိန်း ၁ဝဝနှင့် ၂၀၂၀ ပြည့်နှစ် မတ် ၂၁ ရက်တွင် ငွေကျပ်သိန်း ၃၀၀ တန် Blank Cheque တစ်စောင်ကို လက်ခံရယူ၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက်တွင် ငွေသား ထုတ်ယူခဲ့ခြင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် လုပ်ငန်းရှင်တစ်ဦးမှ လုပ်ငန်းများရေရှည်အဆင်ပြေစေရန်အတွက် ပေးအပ်သည့် ငွေကျပ် ၁၀၀၅ သိန်းတန်ဖိုးရှိ Ford Everest Titanium မော်တော်ယာဉ်တစ်စီးကို လက်ခံရယူခဲ့ခြင်းတို့ကို စစ်ဆေး ပေါ်ပေါက် ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။


ထိုသို့ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့မရဲစခန်းနှင့် မင်္ဂလာဒုံမြို့မရဲစခန်းတို့တွင် ယနေ့ရက်စွဲဖြင့် ပထမ သတင်း ပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိကြောင်း ၎င်းသတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ