စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်တွင် လူမနေသည့်အိမ်တစ်လုံး မိုးကြိုးပစ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာလ ၂/၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရှမ်းရွာရပ်ကွက်မှ နေအိမ်တစ်လုံး ယနေ့နံနက်က မိုးကြိုးပစ်ခံလိုက်ရသည်ဟု သိရသည်။
မိုးကြိုးပစ်ခံရသည့်နေအိမ်မှာ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက် အကွက်(၄)၊ ကန်ညီနောင်လမ်းကြားမှ ဒေါ်နှင်းကြိုင်ဦး၏နေအိမ်ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၂ ရက် နံနက် ၈ နာရီခန့်က မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်တင်က နိရဥ္စရာကို အတည်ပြုသည်။
"မိုးကြိုးပစ်လို့ လူသေတာမျိုးတော့မရှိပါဘူး။ ဒေါ်နှင်းကြိုင်ဦးတို့နေအိမ်မှာတော့ မိုးကြိုးထိလို့ တိုင်တစ်လုံးပျက်စီးသွားသလို သွပ်လည်း နှစ်ချပ်လောက် နည်းနည်းပေါက်သွားတယ်။"ဟု ပြောသည်။
ယင်းအပြင် ပျဉ်ချပ်အချို့လည်း အနည်းငယ် ပျက်စီးသွားခဲ့သည်။
အဆိုပါအိမ်တွင် လူမနေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဟုလည်း သိရသည်။

ဆက်စပ် သတင်းများ