ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းအပါအဝင် ဖမ်းဆီးထောင်ချခံထားရသည့်အနုပညာရှင်အချို့ ပြန်လွတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10.5k

မင်းအဂ္ဂ
စစ်တွေ၊ မတ် ၂ / ၂ဝ၂၂
ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းအပါအဝင် ဖမ်းဆီးထောင်ချခံထားရသည့်အနုပညာရှင်အချို့သည် ယနေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
လွတ်မြောက်လာသူများတွင် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနှင့် ဒါရိုက်တာဝိုင်းနှင့် မော်ဒယ်လ်သရုပ်ဆောင် ပိုင်တံခွန်တို့ပါဝင်သည်ဟု သိရသည်။
သူတို့ကို ယနေ့ မတ်လ ၂ ရက်တွင် ခံဝန်ဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု နစကကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းပြောကြောင်း သတင်းများတွင်ဖော်ပြထားသည်။
လွတ်မြောက်လာသူများတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်းနှင့် ပိုင်တံခွန်တို့သည် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရသူများဖြစ်သည်။
၅ဝ၅ (က)ဖြင့် ယနေ့လွှတ်ပေးရာတွင် Beauty Blogger မဝင်းမင်းသန်းပါဝင်ခဲ့သော်လည်း သူမသည် မတရားအသင်းဆက်သွယ်မှုပုဒ်မ ပုဒ်မ ၁၇(၁)ဖြင့်ပါ တရားစွဲဆိုထောင်ချခံခဲ့ရသူဖြစ်သည့်အတွက် လွတ်မြောက်လာခြင်းမရှိသေးဟု သိရသည်။
ယနေ့လွတ်မြောက်လာသူတို့အားလုံးသည် ၂ဝ၂၁ ခုနှစ်အတွင်းက အာဏာသိမ်းမှုဖြစ်စဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၄င်းတို့အနက် ဒါရိုက်တာလူမင်းသည် အစောဆုံးဖမ်းဆီးခံခဲ့ရပြီး အခြားသူများသည် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
ဒါရိုက်တာဝိုင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
----------------------------

ဆက်စပ် သတင်းများ