စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ် တရုတ်သွားမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

ဇွန်၁ဝ/ ၂ဝ၁၉

ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသည် တရုတ်သမ္မတ ရှီကျင့်ဖျင့် (Xi Jinping) ၏  ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇူလိူင်လအတွင်း သွားရောက်မည် ဖြစ်ကြောင်း လွန်ခဲ့သည့် တနင်္ဂနွေနေ့က သူမ၏ သုံးနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး မီဒီယာများကို သတင်းစာရှင်းလင်းပွဲ လုပ်စဉ် ပြောကြားလိုက်သည်။

သူမ၏ ဂျပန်၊ ဆော်ဒီအရေဗီးယားနှင့် ဖင်လန်နိုင်ငံတို့သို့ သွားရောက်မည့် ခရီးစဉ်နှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် အိမ်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ယခုပြုလုပ်မည့် တရုတ်ခရီးစဉ်သည် သူမ၏ တတိယ အကြိမ်မြောက် အစိုးရ သက်တမ်းတွင် ပထမဆုံးသွားရောက်မည့် ခရီးစဉ်ဖြစ်သည်ဟု ဆိုသည်။

တရုတ်သမ္မတရှီသည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် ၁၁ ကြိမ်မြောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲတွင် သူမ ဦးဆောင်သောအဝါမီလိဂ်ပါတီ အပြတ်အသတ် အနိုင်ရသဖြင့် ဝမ်းသာကြောင်း သဝဏ်လွှာရေး သားပေးပို့ခဲ့သည်။

“ ကျွန်မကို ဖိတ်ကြားတဲ့ အတွက် ဇူလိူင်လမှာ တရုတ်ကိုသွားပါမယ်။ သွားရောက်မယ့် နေ့ရက်ကိုတော့ စီစဉ်ဆွဲနေတုန်းဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာမှ သတင်းထောက်များကို ပြောသည်။

ဘင်္ဂလာဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့သည် ဆက်ဆံရေး ကောင်းမွန်ပြီး မဟာဗျူဟာမိတ်ဘက် နို်င်ငံများအဖြစ် ၂ဝ၁၆ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင့် ဘင်္ဂလာဒေ့ရှ်သို့ လာရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း စတင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသော မွတ်ဆလင်အရေးနှင့် ပတ်သက်ပြီး မြန်မာကို နိုင်ငံတကာစာမျက်နာတွင် ထောက်ခံထားသော နိိုင်ငံ ဖြစ်သော်လည်း ဘင်္ဂလာဒေ့ရှ်သည် တရုတ်၏ စီးပွားရေး စင်္ကြန် စီမံကိန်း/ ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်ဟု ဆိုသည်။

Ref: Hasina to visit China in July

ဆက်စပ် သတင်းများ