သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ထိုင်းကျွန်းတစ်ခုတွင် လှေစီးပြေး သောင်တင်နေသူများ ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 3.1k

နိရဥ္စရာ၊ ဇွန်လ ၁၂/ ၂ဝ၁၉

ထိုုင်းနိုင်ငံ တောင်ပိုင်း ကျွန်းတစ်ခုမှ သောင်တင်နေသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှ လှေစီးပြေး မွတ်ဆလင် ၆ဝ ကျော်ကို ဇွန်လ ၁၁ ရက် အင်္ဂါနေ့က ဖမ်းမိကြောင်း ထိုင်းနို်င်ငံ အာဏာပိုင်များက ပြောသည်။

ဖမ်းဆီးခံရသူများအထဲတွင်  ကျား ၂၈ ဦး၊ မ ၃၁ ဦးနှင့် ကလေးငယ် ၅ ဦးတို့ ပါဝင်ပြီး ထိုင်းနို်င်ငံ တောင်ပိုင်း Satun ဒေသ Tarutao  အမျိုးသား ဥယျာဉ်တည်ရှိရာ ရာဝီကျွန်းတွင် ဖမ်းမိခဲ့သည်ဟု ဆိုသည်။

များမကြာမီ လပိုင်များ အတွင် များပြားလှစွာသော ၎င်းတို့နှင့် မျိုးနွယ်တူများသည် လှေများဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်း နေကြကြောင်း၊ ယခု ဝင်ရောက်လာမှုမှာ ၂ဝ၁၅ ခုနှစ် နောက်ပိုင်း လူမှောင်ခို တင်ပို့မှုကို နှိမ်နှင်းပြီးနောက် ပေါ်ပေါက်လာသော ပင်လယ်ပြင်ကို ဖြတ်ပြီး မှောင်ခို ဝင်ရောက်လာမှု၏ အစိတ်အပိုင်း တစ်ခု ဖြစ်မည်ကို မလေးအာဏာပိုင်များက စိုးရိမ်ကြောက်လန့်နေကြောင်း သတင်းတွင် ဖော်ပြသည်။

Satun အစိုးရ အာဏာပိုင်များမှ ဖမ်းမိသူများကို ကျွန်းပေါ်နေပြီး  ကုန်းပေါ် အာဏာပိုင်များသို့ လွဲပြောင်းပေးမည်ဟု ဆိုသည်။

သူတို့အားလုံးမှာ သူတို့မှာ လူမှောင်ခိုသမားများ၏ သားကောင်များလား (သို့မဟုတ်) တရားမဝင် ပြောင်းရွှေ့သူများလား ဆိုသည်ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ ထိုင်းအရာရှိက ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ