သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တကောင်းဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောနှင့် ရေနံတင်သင်္ဘော တိုက်မှု ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 1.9k

နိရဥ္စရာ၊ ဇွန်လ ၁၅/ ၂ဝ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဆိပ်ကမ်းတွင် ရေနံတင် သင်္ဘောနှင့် ကုန်တင်သင်္ဘောတစ်စီးတို့ မှု ဖြစ်ပွားခဲ့သည်။

သို့အတွက် သင်္ဘောများ အဝင်အထွက်ကို ၂ နာရီခွဲကြာအောင် အာဏာပိုင်များက ပိတ်ထားခဲ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။

ထိုသို့ သင်္ဘောချင်းတိုက်မိသော်လည်း တစ်စုံတစ်ဦးမျှ ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

သင်္ဘောချင်းတိုက်မိသည်ကို စုံစမ်း စစ်ဆေးရန် လူ ၃ ဦးပါ ကော်မတီ တစ်ခုကို ဖွဲ့စည်းလိုက်ပြီး စစ်ဆေးတွေ့ရှိချက်ကို သုံးပတ်အတွင်း တင်ပြရမည်ဖြစ်သည်။

၎င်းသင်္ဘောချင်း တို်က်မှုသည် ယမန်နေ့ (ဇွန် ၁၄ ရက်) နံနက် ၈ နာရီ ၂၄ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ရေနံတင်ပြီး စစ်တကောင်း ဆိပ်ကမ်းမှ ထွက်ခွာသော ရေနံတင် သင်္ဘော MT Burgan နှင့် စစ်တကောင်း ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မျက်နာချင်းဆိုင် တစ်ခြား တစ်ဘက်မှ ဝင်လာသော ကုန်တင်သင်္ဘော  Express Mahananda တို့ တိုက်မိကြခြင်း ဖြစ်သည်။

Ref: Two ships collide at Ctg port

ဆက်စပ် သတင်းများ