သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့က သမိုင်းဝင်လောကမာရ်အောင်စေတီတော်ကြီး၏ မိုးကြိုးပစ်ခံရ၍ စိန်ဖူးတော်မြေခ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

ိရဉ္စရာ၊  ဇူလိုင် ၂၃၊ ၂၀၂၂


ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ထင်ရှားကျော်ကြားသည့် သမိုင်း၀င်းမာရ်ငါးပါးထဲမှ တစ်ပါးဖြစ်သည့် လောကမာရ်အောင် စေတီတော်ကြီးသည် ဇူလိုင် ၂၂ ရက် နေ့လယ်က မိုးကြိုးပစ်ခံရ၍ စိန်ဖူးတော် မြေခခဲ့သည်ဟု သိရသည်။

ထိုသို့စိန်ဖူးတော်မြေခခဲ့ခြင်းမှာ  ယမန်နေ့ (သောကြာနေ့) နေ့လယ် ၁ နာရီခွဲအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းမူနှင့်အတူ မိုးကြိုပစ်ခံရမှုကြောင့် စေတီတော်ပေါ်မှ စိန်ဖူးတော်ပြုတ်ကျကာ မြေခခဲ့ခြင်း ဖြစ်သည်ဟု ဘုရားဂေါပကအဖွဲ့မှ အဖွဲ့ဝင်စာရေးဖြစ်သူ ဦးအောင်ကျော်ခိုင်က ပြောသသည်။

"တစ်ခြားပျက်စီးတာတော့မရှိဘူး။ ရှေ့ဟောင်းသုတေသနဌာနကလာပြီးတော့ လေ့လာကြည့်ရှု စ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တခြားစေတီပုထိုးတော်ရဲ့ အစိတ်အပိုင်းတွေနဲ့ အဆောက်အဦးတွေ ပျက်စီးတာတော့လုံးဝမရှိဘူး"  ဟု  ပြောသည်။

မိုကြိုးပစ်ချမူကြောင့် ပြုတ်ကျကာမြေခခဲ့သည့် စိန်ဖူးတော်တွင် စိန်ကိုကွပ်ထားသည့် အခြံအရံများကိုသာ ယမန်နေ့က ရှာတွေ့ခဲ့ကြောင်း၊ စိန်ဖူးတော်ကို  ယမန်နေ့က ရှာမတွေ့၍ ယနေ့ ဆက်လက်ရှာဖွေခဲ့ရာ ယနေ့ နံနက် ၈နာရီခွဲအချိန်တွင် လောကမာရ်အောင်စေတီပုထိုးတော်ကြီး၏ သုံးဆင့်မြောက်အထပ်တွင် ၎င်းစိန်ဖူးတော်ကို ရှာတွေ့ခဲ့သည်ဟု ၎င်းက ဆိုသည်။

"မိုးကြိုးပစ်ချလိုက်တော့ စိန်ဖူးတော်ပဲ ပိုင်းပြီးပြုတ်ကျလာခဲ့တာ။ မနေ့ကနေရှာကြတာ လုံးဝ ရှာမတွေ့ကြဘူး။ စိန်ဖူးတော်ကို ကွပ်ထားတဲ့ အခြံအရန်တွေကိုတော့ မနေ့ကတည်းက ရှာလို့ရတယ်။  စိန် ဖူးတော်ကို ဆက်ရှာကြရာမှာ ဒီနေ့မနက်ထိ ဒီနေ့မနက် ၈နာရီခွဲမှာ စေတီရဲ့ သုံးဆင့်မြောက်ကနေ ရှာတွေ့တယ်" ဟု ဦးအောင်ကျော်နိုင်က ဆက်ပြောဆိုသည်။


လောကမာရ်အောင်စေတီပုထိုးတော်ကြီးကို ထိုသို့မိုးကြိုးပစ်ချမှုနှင့် ပတ်သက်ပြီး  ဘုရားပေါ်တွင် ထွန်းထားသည့် လျှပ်စစ်မီးသီးကို ဓာတ်လိုက်ကာ မိုးကြိုးပစ်ချခြင်းဖြစ်သည်ဟု တစ်ချိုက ယူဆကြသော်လည်း မိုးကြိုးပစ်ချသည့်အချိန်သည် နေ့လယ်ချိန်ဖြစ်၍ လျှပ်စစ်မီးသီးအား မီးထွန်း ထားခြင်းမရှိဟုလည်း တချို့က ပြောဆိုသည်။

ထို့အတူ လောကမာရ်အောင်စေတီပုထိုးတော်ကြီးတွင် မိုးကြိုးအန္တာရာယ်မှကာကွယ်ရန် မိုးကြိုးလွဲ ပစ္စည်းများ တပ်ဆင်ထားခြင်းမရှိဟုလည်း သိရသည်။

မိုးကြိုးပစ်ချခံရသည့် လောကမာရ်အောင် စေတီပုထိုးတော်ကြီး၏ စိန်ဖူးတော်အခြံအရံများကိုသာမက  စိန်ဖူးတော်ကိုလည်း ရှာတွေ့ပြီဖြစ်သည့်အတွက် ဘုရားဂေါပကများကလည်း ဝမ်းပမ်းတသာ ဖြစ်လျှက်ရှိသည်ဟု သိရသည်။

 

ထို့အတူစိန်ဖူးတော်ပြန်တင်မည့်နေ့ကို နေ့ကောင်း၊ ရက်ကောင်းကိုရွေးချယ်ပြီး ဘုရားဂေါပက အဖွဲ့ဝင်များက မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကိုပြုလုပ်သွားမည်ဟုလည်းသိရသည်။

လောကမာရ်အောင်စေတီပုထိုးတော်ကြီးသည် နန်းရာကုန်း၏ အနောက်ဘက် ၁မိုင်ခန့်ဝေးသည့် ကျောက်ရစ်ကေ ရပ်ကွင်တည်ရှိခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်ကလည်း မီးထွန်းထားသည့် မီးလုံးကို ဓာတ်လိုက်ကာ မိုးကြိုးပစ်ချခြင်းခံခဲ့ရသော်လည်း စေတီပုထိုးတော်ကြီးမှာ ပျက်စီးမူတစ်စုတစ်ရာ မရှိခဲ့ပဲ လျှပ်စစ်မီးလုံးသားကွဲပြီး ပြုတ်ကျခြင်း၂ ကြိမ်တိုင်တိုင် ရှိခဲ့သည်ဟုလည်း သိရသည်။


ဤစေတီကို အေဒီ(၁၆၅၈) ခုနှစ်တွင် စန္ဒာသုဓမ္မရာဇာဘုရင်မင်းမြတ်သည် ဇိနမာရ်အောင်စေတီရတနာ့မာရ်အောင်စေတီတို့နှင့် အတူ တစ်ပြိုင်တည်းထားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ