သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကာကွယ်ရေးဦးစီးချုပ်မှ ရခိုင်ပြည်နယ်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 1.4k

ချစ်အိလှိုင်
နိရဥ္စရာ ၊ ဖေဖော်ဝါရီ ၁၅/ ၂ဝ၂ဝ

မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော စစ်တွေမြို့ ရပ်မိရပ်ဖများအား လက်ခံတွေ့ဆုံ ပွဲတွင် ရခိုင်ပြည်နယ်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ ကမ္ဘာ့သာသနာပြု ဆရာတော် အသျှင်စနြ္ဒမုနိ ဗိမ္မာန်တော်တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရွှေမောင်က ပြောသည်။

“မြေကိစ္စကိုသွားတာပါ။ တပ်ကလှူထားတဲ့ မြေဆိုတော့။ အခြားတော့မရှိဘူး။ သူကတော့ ရခိုင်ပြည်နယ်မှာ အခုလို မအေးချမ်းဖြစ်နေတာကို စိတ်မကောင်းဘူးပေါ့။ အဲလိုတစ်ခုပြောတာပါ။ အခြားဟာတော့ မဆွေးနွေးပါဘူး။ ဦးလေးတို့က နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ဘာသာရေး ကိစ္စသွားတာပါ”ဟု ဦးရွှေမောင်ကပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ တပ်မတော် ကြေး၊ ရေ၊လေ မိသားစု နာမည်နှင့် ငွေကျပ် သိန်း ၃ဝဝ နှင့် ဘိလပ်မြေ အိတ် ၂ဝဝဝ တို့အား အသျှင်စနြ္ဒမုနိ ဗိမ္မာန်တော် အတွက် လှူဒါန်းခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

၄င်းကော်မတီ အတွင်းရေးမှူး ဦးရွှေကျော်သာက “နိုင်ငံရေး ကိစ္စနဲ့ ဘာမှ မဆွေးနွေးပါဘူး။ သူကတော့ စိတ်မကောင်းတာတွေပြောတယ်။ ရခိုင်မှာ တိုင်းမှူးလုပ်ခဲ့တယ်။ ဘာညာပေါ့။ ဦးလေးတို့က နိုင်ငံရေးသမားမဟုတ်ဘူး။ ကမ္ဘာ့သာသနာပြု ဆရာတော် အသျှင်စနြ္ဒမုနိဗိမ္မာန်တော် တည်ဆောက်ရေး ကော်မတီအနေနဲ့သွားတာကို”ဟု ပြောသည်။

ကမ္ဘာ့သာသနာပြု ဆရာတော် အသျှင်စနြ္ဒမုနိဗိမ္မာန်တော်ကို စစ်တွေမြို့လေဆိပ်အဝင်တွင် ၂ဝ၁၅ ခုနစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မုဓ်ဦးတည်ဆောက်ရန်မြေနေရာတွင် တပ်မြေနှင့် မလွတ်ကင်းသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် လာရောက် တွေ့ဆုံခဲ့ပြီး ၎င်းမြေကို  တောင်းဆို ခဲ့ကြသည်ဟု ဆိုသည်။

၎င်းလက်ခံ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ စစ်တွေမြို့မှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနို့ အောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့ တက်ရောက် ကြသည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာ ရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီး စီးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ စာဖြေသံဃာတော်များအတွက် ကိုယ်စိတ်ချမ်းမြေ့စွာဖြင့် ပရိယတ္တိစာမေးပွဲများ ကျင်းပနိုင်ခြင်း၊ ဓမ္မသဘင်များ ကျင်းပ နိုင်ခြင်းစသည့် သာသနာရေးဆိုင်ရာအခမ်းအနားများ ကျင်းပနိုင်ပြီဖြစ်၍ ရဟန်းရှင်လူ ပြည်သူများက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည့်အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် နီပေါ နိုင်ငံတို့တွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့ သော ကမ္ဘာ့သာ သနာပြုဆရာတော်ကြီး ဥူးစနြ္ဒမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏ လှူဒါန်း မြေတွင် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် အခြားသော သာသနိက အဆောက် အဦများဆောက်လုပ် လှူဒါန်းမှုပြုလုပ် လျက်ရှိသည့် အခြေအနေများ၊ စစ်တွေမြို့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်သည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားနေခြင်းမှာ ၂ဝ၁၈ ဒီဇင်ဘာလမှစ၍ ယခုနစ် ၂ဝ၂ဝ ဖေဖော်ဝါရီလအထိ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

--------------------------------

Unicode:

နိရဉ်စရာ ၊ ဖဖျေောဝါရီ ၁၅/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ