သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့ အိုးတန်း-မိဇံရပ်ကွက်တွင် ဥာဏ်တော်အမြင့် ၈၁ ပေရှိ (ရန်ပြေ/ မာန်ပြေ) ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူတည်ထားကိုးကွယ်ရန် ပန္နက်တင် အုတ်မြစ်စီ မင်္ဂလာပွဲတော်အခမ်းအနားကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 580

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ် ၂၂ / ၂ဝ၂ဝ

စစ်တွေမြို့ အိုးတန်း မီဇံရပ်ကွက် အရှေ့ဖက်စေတီအနီး (ပြည်တွင်းပြည်ပ သာသနာပြု) မဟာဇေယျသိဒ္ဓွှိ အဓိဌာန်ဆရာတော်ကြီးမှ ဦးစီးလျက် တည်ထားကိုးကွယ်မည့် ဥာဏ်တော်အမြင့်  ၈၁ ပေရှိ (ရန်ပြေ/ မာန်ပြေ) ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူကို ပန္နက်တင် အုတ်မြစ်စီ မင်္ဂလာပွဲတော်ကို ယနေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပ ပြုလုပ်ခဲ့သည်။

၎င်းပန္နက်တင် အုတ်မြစ်စီ မင်္ဂလာပွဲတော်ကို  ယနေ့ တနင်္ဂနွေနေ့ နံနက် (၇ နာရီ ၄၉ မိနစ်) အချိန်တိတိတွင် အဓိဌာန်ဆရာတော်ကြီးမှ ဦးစီးလျက် ကျင်းပခဲ့ရာ မြို့သူ မြို့သားအများအပြား တက်ရောက်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သူ မသန်းသန်းက “ လူပေါင်း အများကြီးရောက်ပါတယ်။ ၅ဝဝ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သာကီနွယ် ဆရာတော်ကြီးဆီမှာ ငါးပါးသီလ ယူကြပါတယ်။ အဲဒီနောက် ပန္နက်တင် အုတ်မြစ်စီ အခမ်းအနားကို စတင်ခဲ့ပါတယ်။ အခမ်းအနားက နံနက် ၉ နာရီခွဲလောက်မှာပြီးပါတယ်” ဟု ပြောသည်။
 
ယနေ့  နံနက် (၇ နာရီ ၄၉ မိနစ်) အချိန် ပန္နက်တင် အုတ်မြစ်စီ မင်္ဂလာ ပြုလုပ်သည့်နေ့တွင် စစ်တွေမြို့သူ/မြို့သားများအားလုံး အိမ်တိုင်း အိမ်တိုင်း (သတ်သတ်လွတ်) ဆားဟင်း စားသုံးကြပါရန် အဓိဌာန်ဆရာတော်မှ မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရသည်။ 

၎င်းအပြင် နံနက် (၇ နာရီ ၄၉ မိနစ်) အချိန်မှ စတင်ပြီး အိမ်တိုင်းအိမ်တိုင်း မိမိနေအိမ်ရှေ့တွင် ၁။ သပြေညွန်း (၇) ညွှန့် ၂။ ရေချမ်း(၇) အိုး ၃။ ထီးဖြူ (၇) လက် ၄။ သောက်တော်ရေ (၇) ခွက်နှင့်  ၅။ ဆီးမီးတိုင် (၇) တိုင်တို့ကို တို့ကို ပူဇော်ပေးကြရန် အဓိဌာန်ဆရာတော်ကြီးမှ တိုက်တွန်း နိုးဆော်ထားကြောင်း သိရှိရသည်။

-------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၂၂ / ၂ဝ၂ဝ



 


ဆက်စပ် သတင်းများ