ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကိုဗစ်ကြောင့် ယခုနှစ်ခရစ်စမတ်ပွဲတော် ရခိုင်ပြည်နယ်တွင် စည်စည်ကားကားမကျင်းပနိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇွဲဓန (ကိန်းသာမြေ)

နိရဥ္စရာ၊ ဒီဇင်ဘာ၂၄ /၂ဝ၂ဝ

ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ယခရစ်ယာန်ဘာသာဝင်တိို့၏ ဒီဇင်ဘာ ၂၅ ရက်နေ့တွက် ကျရောက်သည့် ခရစ်စမတ်ပွဲတော်အား ရခိိုင်ပြည်နယ်တွင် စည်းကားစွာ ကျင်းပနိုင်ခြင်းမည်မဟုတ်ကြောင်း ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များက ပြောကြသည်။

ခရစ်ယာန်ဘာသာဝင်များက ယခုနှစ်တွင်လည်း ယခင်နှစ်များကလို ခရစ်စမတ်နေ့အား စည်းကားစွာ ကျင်းပလိုသော်လည်း ကိုဗစ်- ၁၉ ကြောင့် လူ ၃ဝ ထက်ပိုပြီး စုဝေးခြင်းမပြုရဟု အစိုးရက ညွှန်ကြားထားသဖြင့် ယခုနှစ်တွင် ခရစ္စမတ်နေ့အား ကျင်းပနိုင်ခြင်းမရှိဟု ခရစ်ယာန် တရားဟော ဆရာများက ပြောဆိုကြသည်။

စစ်တွေမြို့ ရွှေနှလုံးတော်ဘုရားကျောင်း၏  ကျောင်းထိုင်ဘုန်းတော်ကြီး Michael Fr ဦးကြည်လွင်က  “ကျနော်တို့က စိတ်မကောင်းဖြစ်တာပေါ့။ ခါတိုင်းဆိုရင် တစ်ကမ္ဘာလုံးနဲ့ယှဉ်ပြီး ကျင်းပတဲ့ ဒီခရစ်စမတ်နေ့ကို ဒီနှစ်မှာ မကျင်းပနိုင်ဘူး။ ဒီပွဲမတိုင်မီ သုံးပတ်လေးပတ်လောက်ကစပြီး ကျနော်တို့မှာ ဥပုလ်သီလစောင့်ပြီး ကြိုတင် ပြင်ဆင်တာပေါ့။ အခုကလည်း ပြင်တော့ ပြင်ဆင်တာပေါ့။ ဒါပေမယ့်ခါတိုင်း လုပ်တဲ့ ပုံစံမျိုးဖြစ်ချင်တာပေါ့လေ။ အခုက အဲလို့ မလုပ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်တာပေါ့” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ခရစ်ယာန်ဘာသာဝင် အနည်းဆုံး ၇ဝဝဝ ခန့် ရှိကြောင်း ၎င်းက ပြောကြားသည်။

ယခုနှစ်ကလိုမျိုး ယခုနှစ်တွင် ခရစ်စမတ်ပွဲတော်အား စည်းကားစွာ မကျင်းပနိုင်သော်လည်း မိမိတို့ နေအိမ်များတွင် မိသားစုအလိုက် ဝတ်ပြုဆုတောင်းသွားဖို့ရှိကြောင်း စစ်တွေမြို့ရှိ ရှင်မာကုကသီဒြယ် ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီး ဦးအောင်ရှိန်က ပြောသည်။

“ ၂ဝ၂ဝ ပြည့်နှစ်ရဲ့ ခရစ္စမတ်က ကျနော်တို့အားလုံး သိကြတဲ့ အတိုင်းပဲ ရောဂါကပ်ဘေးကြောင့် အရင်နှစ်ကလို့ ကျနော်တို့ စည်းစည်းကားကား ကျင်းပဖို့ အစီအစဉ်တော့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ မိသားစုဝင်တွေအနေနဲ့တော့ မိမိရဲ့အိမ်မှာပဲ လုပ်ဖို့ရှိပါတယ်” ဟု ဦးအောင်ရှိန်က ပြောသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပလာသော ခရစ်စမတ်ပွဲတော်ကို ယခုနှစ်တွင် ကိုဗစ်ကြောင့် မပြုလုပ်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သူ  မအက်စတာသန်းအေးက ပြောသည်။

“ ခံစားချက်ကတော့ စိတ်မကောင်းဖြစ်မိတာပေါ့။ ခါတိုင်းနှစ်လိုဆိုတော့ ဒီလမှာ ခရစ်စမတ်ပွဲကို အကြိုအဖြစ် ကျင်းပနေတာရှိနေပြီ။ တစ်ခြားရွာက လူတွေ ပွဲကို ဖိတ်ခေါ်တာပေါ့။ နှစ်ဆယ့်လေးရက် ညမှစပြီးတော့ နှစ်ဆယ့်ငါးရက်နေ့ထိပေါ့။ ခရစ်တော်မွေးဖွားတဲ့ ခရစ်စမတ်ပွဲတော်ကို ကျင်းပတဲ့ပွဲတော်ပေါ့။ အခုက ကိုဗစ်ကြောင့်ဆိုတော့ ခရစ္စမတ်ပွဲကို မကျင်းပရတဲ့အခါကျတော့ စိတ်ထဲမှာ အရမ်းကြီးခံစားရတာပေါ့။ Stay at Home ခရစ္စမတ်တွေတော့ လုပ်ကြတာပေါ့။ နယ်ရွာတွေမှာဆိုရင် ရွာလေးငါးခြောက်ရွာပေါင်းပြီး ခရစ်စမတ်ပွဲ ကျင်းပတာကြတာပေါ့။ အခုက မကျင်းပဖြစ်ဆိုတော့ စိတ်မကောင်းဘူးပေါ့ ̋ ဟုပြောသည်။

ခရစ်စမတ်ပွဲတော်ရက်ကာလများတွင် တရားဟောဆရာများ ခရစ်တော်မွေးဖွားခြင်းအကြောင်းများကို ဟောပြောကြသလို  တစ်ဦးနှင့်တစ်ဦး လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးကြပြီး ခရစ်စမတ် သီချင်းများကို ညအချိန် အိမ်တိုင်းတိုင်းတွင် အုပ်စုဖွဲ့ သီဆိုကြသဖြင့် အလွန်ပျော်စရာကောင်းကြောင်း မအက်စတာသန်းအေးက ဆက်ပြောသည်။

"ခရစ်စမတ်နေ့မှာ ကျမတို့က ဝတ်ပြုကိုးကွယ်ခြင်းလုပ်တယ်။ တရားဟောဆရာက ခရစ်တော်ေ မွးဖွားခြင်းအကြောင်း တရားဟောတယ်။ အသင်းသူအသင်းသားတွေက နားထောင်ကြတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်တွေ ပေးကြတာပေါ့။ သီချင်းတွေဆိုကြတယ်။ တရားဒေသနာတိုက်ကျွေးတယ်။ ထမင်းကျွေးတာတွေ ရှိတာပေါ့ ̋ ဟုပြောသည်။

ဒီဇင်ဘာလ ၂၅ နေ့တွင် ကျင်းပလေ့ရှိသော ခရစ်စမတ်နေ့သည် ခရစ်တော်၏ မွေးနေ့ဖြစ်ကြောင်း သိရသည်။  

ခရစ်ယာန်ဘာသာဝင်များက ဘုရားရှင်သည် လူသားများအား ကယ်တင်ရန် လူ့လောကထဲသို့ ဆင်းသက် လာသည်ဆိုသော ရည်ရွယ်ချက်ဖြင့်  ခရစ်တော်၏ မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် ခရစ်စမတ်နေ့ ကျင်းပကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကမ္ဘာအနှံ့အပြား၌ ခရစ်ယာန်ဘာသာဝင်များ အထွဋ်အမြတ်ထား ကျင်းပသော ပွဲတော်မှာ နာတာလူးပွဲတော် (သို့မဟုတ်) ခရစ်စမတ်ပွဲတော် ဖြစ်ကြောင်း သိရသည်။

နာတာလူးဆိုသည်မှာ မွေးဖွားခြင်းဟု အဓိပ္ပာယ်ရကြောင်း၊  Christ ဆိုသည်မှာ ယေရှု အဖဘုရား သခင်၏ အမည်နာမတော်ဖြစ်ပြီး Mas ဆိုသည်မှာ ပွဲတော်ဟု အဓိပ္ပာယ်ရကြောင်း၊  ထို့ကြောင့် ခရစ္စမတ်ဟူသည် အဖဘုရားသခင် ယေရှုအား မွေးဖွားခြင်းဟူ၍ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်စပ် သတင်းများ