စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်နှင့်မြောက်ဦး မြို့နယ် ၂ခုတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.2k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့၌ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့တွင်ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုမှာ တောင်ကုတ်မြို့ မြောက်ဘက်  ၁၄ မိုင်၅ ဖာလုံ အကွာ ပေါက်ပြင်ကျေးရွာအနီး အဝေးပြေးကားလမ်းဘေးတွင်  ယနေ့ နံနက် ၁၁နာရီ မိနစ် ၅ဝ ကျော်ခန့် အချိန်တွင် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

̏ မိုင်ပေါက်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့က သတင်းအချက်အလက်ကို အတိအကျ ပြောလို့မရသေးဘူး˝ဟု တောင်ကုတ်ရဲစခန်းမှ အမည်မဖော်လိုသော ရဲဝန်ထမ်း တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

မြောက်ဦးမြို့အနီးတွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုမှာ  စိမ်းသေအင်းနှင့် ကျောက်ဆိပ် ဘုန်းကြီးကျောင်း အကြားတွင် ယနေ့ နံနက် ၁ဝ နာရီ မိနစ် ၂ဝ အချိန်ခန့်က တပ်မတော် စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

̏̏ မြောက်ဦးမြို့အပြင်ဖက် ကျောက်ဆိပ်ဘုန်းတော်ကြီးကျောင်းနားမှာ တပ်မတော်စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရတယ်။ အထိအခိုက်ရှိတယ်/ မရှိဘူးဆိုတာ အသေးစိတ်ကိုတော့ မသိဘူး။ ပေါက်ကွဲတာတော့ မှန်ပါတယ်။˝ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါ။

(တောင်ကုတ် ပေါက်ပြင် မိုင်းကွဲ ဓာတ်ပုံ- kyawmyo Htut)

----------------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၆ / ၂ဝ၂ဝ








ဆက်စပ် သတင်းများ