အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာကြီးကျေးရွာအနီး မိုင်းပေါက်ကွဲ၍ ဆယ်ကျော်သက်အရွယ် မူဆလင် လူငယ်တစ်ဦးသေ၊ ၅ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာကြီးကျေးရွာအနီး မိုင်းပေါက်ကွဲ၍ မူဆလင် လူငယ် ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ မူဆလင် လူငယ်မှာ မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာကြီး ကျေးရွာနေ မောင်ဘုချေ (၁၅) နှစ်ဖြစ်ကြောင်း သိရသည်။

ဏ်ရာရရှိသွားသည့် ၅ ဦးမှာ ပေါင်းတုတ်ရွာကြီးကျေးရွာနေ ဆော်ဒူလ် (၁၂) နှစ်၊ မြောက်ဦးမြို့နယ် ပလောင်တောရွာသစ်ကျေးရွာမှ အဒူမော်တလော် (၁၆) နှစ်၊ အဒူချကူးလ် (၁၂) နှစ်၊ မာမောတ်ဂူနာပ် (၁ဝ) နှစ်နှင့် မောင်မောင်ချေ (၁၇) နှစ်တို့ ဖြစ်ကြောင်း ပေါင်းတုတ်ရွာကြီး ကျေးရွာမှ မစုစုက ပြောသည်။

“ဒဏ်ရာတွေက အရမ်းများပါတယ်။ ခြေထောက်တွေ၊ လက်တွေ၊ ကျောကုန်းတွေမှာ ရသွားကြတာပါ။ ကျွန်မတို့ရွာမှာ ပေါင်းတုတ်ရွာကြီးရယ်၊ ပလောင်တောရွာသစ်ရယ်လို့ နှစ်ခု ရှိပါတယ်။ အဲဒါတွေက တစ်ရွာတည်းဖြစ်ပါတယ်။ ကျွန်မတို့ သိပ်မမြင်လိုက်ရလို့ ဒဏ်ရာပြင်းလားဆိုတာကို မသိလိုက်ပါဘူး။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာပြင်းပါတယ်။ အဲဒီထဲက နှစ်ယောက်ကို မြောင်းဘွေဆေးရုံကို ပို့ထားပါတယ်။ ကျန်တာတွေက ရွာမှာ ဆေးဆရာနဲ့ လောလောဆယ် ကုနေကြပါတယ် ” ဟု ပေါင်းတုတ်ရွာကြီး ကျေးရွာမှ မစုစုက နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ် မြောင်းဘွေဆေးရုံသို့ မောင်မောင်ချေနှင့် ဆော်ဒုလ်အား ယူဆောင်သွားကြောင်း၊ သေဆုံးသူ မောင်ဘုချေအား ကျေးရွာတွင် သင်္ဂြိုလ်ရန် ပြင်ဆင် နေကြောင်း မစုစုက ဆက်ပြောသည်။

“ပေါက်ကွဲသွားတဲ့ အသံက အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ကျွန်မတို့ ကြားလိုက်ရပါတယ်။ သူတို့က နွားကျောင်းသွားတာ။ အဲဒီအနားမှာ ထိုင်နေလို့ အခုလိုဖြစ်သွားတာပါ။” ဟု မစုစုက ပြောသည်။
 “အခု မိုင်းပေါက်ကွဲတာက ပေါင်းတုတ်ကျေးရွာအနီးက ဖြစ်တာပါ။ သူတို့က အဲဒီအနားကို နွားကျောင်းဖို့ သွားရင်းနဲ့ အဲလို ဖြစ်တာလို့ ပြောပါတယ်။ ကျွန်တော့်ကိုလည်း ပေါင်းတုတ်ရွာက လှမ်းသတင်းပေးလို့ သိရတာပါ။” ဟု မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာမှ ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ပန်းမြောင်းကျေးရွာနှင့် ပေါင်းတုတ်ရွာကြီးကျေးရွာတို့မှာ ၃ မိုင်ခန့်ဝေးကွာကြောင်း၊ ယင်းပေါင်းတုတ်ရွာကြီးကျေးရွာနှင့် မိုင်းပေါက်ကွဲသည့် နေရာတို့မှာ ၁ မိုင်နီးပါး ဝေးကွာကြောင်းလည်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ယနေ့ဖြစ်စဉ်များအား ၄င်းအနေဖြင့် မသိသေးကြောင့် ပြောဆိုသည်။

ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ “ပေါင်းတုတ်ဘက်မှာ ဖြစ်တဲ့ ကိစ္စက ကျွန်တော်တို့နဲ့ လုံးဝ ပတ်သက်မှုမရှိဘူး။ အဲဒါကတော့ အဲဒါတွေက ကျွန်တော်တို့နဲ့ လုံးဝ ပတ်သက်မှု မရှိဘူး။” ဟု ပြောသည်။

---------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၆/ ၂ဝ၂ဝ












ဆက်စပ် သတင်းများ