ရသေ့တောင်မြို့နယ်မှ မိုင်းနင်းမိ၍ ခြေထောက်ဒဏ်ရာရရှိသွားသူနှစ်ဦး စစ်တွေဆေးရုံသို့ရောက်ရှိ


သန့်မြတ်ခိုင်၊ ချစ်အိလိူင်၊ ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မတ် ၃ဝ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ ည ၄ နာရီအချိန်က မိုင်းနင်းမိပြီး လူနှစ်ဦး  ခြေထောက် ပြတ်သွားခဲ့သည်။

၎င်းတို့နှစ်ဦး၏ ဒဏ်ရာမှာ ပြင်းထန်သဖြင့် ရသေ့တောင်မြို့ပေါ်မှ  လူမှုရေးအဖွဲ့များ၏ အကူအညီဖြင့် ယူဆောင်လာခဲ့ရာ ယနေ့ နံနက်က စစ်တွေ ဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားသူနှစ်ဦးမှာ ရသေ့တောင်မြို့နယ် အောင်ဇေယျကျေးရွာမှ ဦးဝေဘန်းဖြူ (၄၅) နှစ်နှင့် မညှင်းတောင်ကျေးရွာမှ ဦးကျော်အေးသိန်း (၅၅) နှစ်တို့ဖြစ်ကြပြီး ဦးဝေဘန်းဖြူမှာ ဘယ်ဖက် ခြေထောက်ပြတ်သွားပြီး ဦးကျော်အေးသိ်န်းမှာ ညာဖက်ခြေထောက်ပြတ်သွားကြောင်း သိရှိရသည်။

ဦးဝေဘန်းဖြူ၏ ဇနီးဖြစ်သူဒေါ်ဝေသာစိန်က ̏ မနေ့ညကခါ ကျမယေင်္ာကျားက တောင်ကိုု ဝါးတစ်လုံး ခုတ်ဖို့ဆိုပြီးတက်သွားတယ်။  အဲဒီအချိန်မှာ မိုင်းနင်းမိပြီးတော့ ဘယ်ဖက် ခြေထောက် ပြတ်သွားတယ်။ မိုင်းပေါက်ကွဲတဲ့အသံကို ကြားလို့ မညှင်းတောင်က  ရွာသားတွေ တောင်ထက်ကို လိုက်ပါသွားတယ်။ အဲဒီမှာ တစ်လုံးကွဲတယ်။ မိုင်းနင်းမိပြီး တစ်ယောက်က  ညာဖက် ခြေထောက်ပြတ်သွားတယ်။ နောက်တစ်ယောက်  မှာတော့ လက်မှာအနည်းငယ် ဒဏ်ရာရသွားတယ်˝ ဟု ပြောသည်။

ယနေ့ညနေ ၄ နာရီခန့်တွင် ဦးဝေဘန်းဖြူမှာ ၄င်းပိုင်သည့် စေတီတောင်ပေါ်တွင် မိုင်းပေါက်ကွဲသဖြင့် မညင်းတောင်ရွာသားများအား ဖုန်းဖြင့် အကူညီတောင်ခေါ်၍ ရွာသား၅ ဦးလိုက်ပါသွားရာ၌ နောက်ထပ် မိုင်းတစ်လုံးထပ်မံပေါက်ကွဲခဲ့ပြီး ဦးကျော်အေးသိန်းမှာ ထပ်မံဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဦးကျော်အေးသိန်း၏ ဇနီးဖြစ်သူ ဒေါ်စံသိန်းနုက “မိုင်းပေါက်ကွဲသံကြားပြီး ကျွန်မတို့ဆီကို ဖုန်းလာပါတယ်။ ဒဏ်ရာရတဲ့လူက ဖုန်းဆက်အကူညီတောင်းလို့ ကျွန်မအမျိုးသားတို့ လိုက်သွားတာပါ။ အဲဒီမှာ မိုင်းထပ်ပေါက်ပြီး ကျွန်မအမျိုးသားဆီထိတာပါ။  ခြေထောက်တွေ ပွတ်ထွက်သွားပါတယ်။ ပေါင်အောက်ကနေ ရစရာမရှိအောင်ပါ။ကျွန်မမှာ အားကိုးရာတော့ မဲ့ပါပြီ။ သူ့ကိုအားကိုးနေရတာပါ” ဟု  နိရဥ္စရာသတင်းဌာနကို ပြောသည်။

၄င်းတောင်အနီးတွင် ယခင်က မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မညင်းတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးဖြူဒေါင်းကလည်း မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးမှာ စိုးရိမ်ရပြီး စစ်တွေသို့ ယူဆောင်ခဲ့ရကာ  နောက်ထပ် ရွာသား တစ်ဦးဖြစ်သည့် ဦးကျော်ဝင်းနိုင်မှာ လက်မောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိ၍ ရွာတွင် ထားခဲ့ကြောင်းပြောသည်။

“ဦးလေးက အခင်း ဖြစ်တဲ့ အချိန်က ရွာမှာမရှိဘူး။ရသေ့တောင်ကို ရောက်နေတာ။  ဖြစ်တာက သုံးယောက်။ ဒဏ်ရာပြင်းတဲ့လူတွေကိုပဲ စက်လှေနဲ့ ရသေ့တောင်ကို ယူလာတာ။ အခု ရသေ့တောင်က တစ်ဆင့် စစ်တွေဆေးရုံကြီးကို လူမှုရေးဆောင်ရွက်နေတဲ့သူတွေရဲ့ အကူအညီနဲ့ ကားနဲ့ ယူသွားပါပြီ” ဟုဦးဖြူဒေါင်းက ပြောသည်။

မညင်းတောင်ကျေးရွာတွင် အိမ်ခြေ ၆ဝ ကျော်ရှိပြီး ကျေးရွာအနီး တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် အတွက် ကျေးရွာသား အများစုမှာ ရွာကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြပြီး ရွာထဲတွင် ရွာသား ၁ဝ ကျော် ခန့်သာ အိုးအိမ်များ၊ ကျွဲ၊ နွားများထိမ်းသိမ်းစောင့်ရန်ကျန်ခဲ့ရာမှ တောင်ကို ဝါးခုတ်ရန် သွားရာတွင် ယခုလို မိုင်းပေါက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

-------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၃ဝ /၂ဝ၂ဝ











Share: