သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ဒေသခံတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ ဥဒေါင်းစံပြကျေးရွာအနီး မိုင်းပေါက်ကွဲ၍ ဒေသခံတစ်ဦး သေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ဥဒေါင်းစံပြကျေးရွာမှ ဦးသိန်းထွန်း (၄၈) နှစ် ဖြစ်ပြီး ၎င်းမှာ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က မျှစ်ချိုးရန်သွားစဉ် လမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သမက်တော်စပ်သူ ဦးစောမောင်သန်းက ပြောသည်။

ဦးစောမောင်သန်းက " ရွာရဲ့ တောင်ဘက်မှာရှိတဲ့ အဝေးပြေး လမ်းမဘေးမှာ ကုန်စုံဆိုင်ရောင်းပါတယ်။ အဲဒီဆိုင်ကနေပြီး တောစပ်နားကို မျှစ်တို့ ဟင်းသီးဟင်းရွက်တို့ သွားရှာတာပါ။ အဲဒီမှာ လမ်းမှာ ဖြစ်တာပါ။ အိမ်ကနေပြီးတော့ ပေါက်ကွဲသံတစ်ခု ဝုန်းခနဲ ကြားတယ်ပေါ့နော်။ ခဏကြာတော့ အဲဒီပေါက်ကွဲသံကြားတဲ့ နေရာမှာ ရဲတွေ ဝိုင်းပြီး စစ်ဆေးနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့လည်း အဲဒီကို သွားပြီး ကြည့်လိုက်တော့ ကျွန်တော့် ယောက်ခမ ဖြစ်နေပါတယ်။" ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကုန်စုံဆိုင်နှင့် ကိုက် ၁ဝဝ ခန့်ဝေးကွာသည့် တောစပ်တစ်ခုအနီးတွင် မိုင်းပေါက်ကွဲခြင်းဖြစ်ကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ်ရှိ ဘယ်ဘက် နို့အုံ တစ်ခြမ်းလုံး ပေါက်ထွက်သွားကြောင်းလည်း ၎င်းက ဆင်ပြောသည်။

မောင်တောမြို့မှ ဂရုဏာကွန်ယက် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်ကလည်း ယင်းနေ့ညနေ ၄ နာရီခွဲခန့်တွင် အလောင်းအား မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင့် နိရဥ္စရာသို့ ပြောသည်။

ဦးစောမောင်သန်းက " အဲဒီဖြစ်စဉ် ဖြစ်တုန်းက အဲဒီအနီးတဝိုက်မှာ အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ရသေ့တောင်မြို့နယ်ဘက်က လင်မယားနှစ်ယောက်က မျှစ်ချိုးနေတယ်လို့ သိရပါတယ်။ အဲဒီပေါက်ကွဲသံကိုကြားတော့ သူတို့လည်း ကြောက်လို့ လူတွေရှိတဲ့ နေရာကို ဝင်ပြေး လာကြတယ်ပေါ့နော်။ အဲဒါကို ရဲကမသင်္ကာလို့ဆိုပြီး အလယ်သံကျော် ရဲစခန်းမှာ စစ်ဆေးဖို့ ခေါ်ထားတယ်ဘို့ သိရပါတယ်။ အဲဒီလင်မယား နှစ်ယောက်က ရသေ့တောင်မြို့နယ် ဘယ်ရွာကလဲဆိုတာကို ကျွန်တော်လည်း အသေချာ မသိပါဘူး" ဟု ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့နယ်မှ အလယ်သံကျော် ရဲစခန်းအား နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

လက်ရှိတွင် အလောင်းအား မောင်တောဆေးရုံမှ ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် ကျေးရွာသို့ ယူဆောင်ခဲ့ကြောင်း၊ ယနေ့ ညနေတွင် အလောင်းအား သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

----------------------

Unicode:


နိရဉ်စရာ၊ မေ ၁/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ