ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘင်္ဂလာပင်လယ်အော်တွင်ဖြစ်ပေါ်နေသောမုန်တိုင်းကြောင့် ရခိုင်တွင်ရေယာဉ်များသွားလာမှုရပ်နား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၂၄/ ၂ဝ၂၁

ယခုဘင်္ဂလားပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် "Yaas" ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခရီးသည်တင်ရေယာဉ်များ၊ ငါးဖမ်းလှေများ သွားလာခွင့်ကို ယာယီရပ်နားထားလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပင်လယ်ပြင်ငါးဖမ်းသင်္ဘောများအပါအဝင် ကမ်းရိုးတန်သွာ ရေယာဉ်အားလုံးကိုလည်း မုန်တိုင်းသတိပေးစာ ထုတ်ပြန်ထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအေးမြင့်မောင်ကပြောသည်။

ပင်လယ်ဖြတ်ရတဲ့ ရေယာဉ်လိုင်းတွေကတော့ အားလုံးနားကြပြီဗျ။ အခုလောလောဆယ်တော့ မုန်တိုင်းအခြေအနေ ကို အချိန်နဲ့တပြေးညီပို့ပေးနေပါတယ်။ အန္တရာယ်ရှိတော့လေ။ ခရီးသည်တင် ရေယာဉ်လိုင်းတွေကတော့ အရေးကြီးတယ်လေ။ ပင်လယ်ဖြတ်သန်းတဲ့ ရေယာဉ်လိုင်းတွေကို ကျွန်တော်တို့ ပိတ်ထားလိုက်ပါပြီ။ ဘယ်နေ့အထိတော့ ပြောလို့မရဘူး။ မိုးလေဝသအခြေအနေအရပေါ့ဟုပြောသည်။

ခိုင်ပြည်နယ်မှ အမြန်ရေယာဉ်လိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန် ခရီသည်တင်ရေယာဉ် အပါအဝင် အမြန်ရေယာဉ်ိုင်းအားလုံးရပ်နားလိုက်ပြီဟု ွှေပြည်တန်ရေကြောင်းပို့ဆောင်ရေး မန်နေဂျား ဦးစံမော်သိန်းက ပြောသည်။

ကျွန်တော်တို့ ဒီနေ့မနက်ကစပြီးတော့ အကုန်လုံးကို ရပ်နားလိုက်ပါပြီ။ ဘယ်နေ့ထိဆိုတာက ဒီနေ့နဲ့ မနက်ဖြန်ကတော့ သေချာပေါက်နားရမှာပါ။ နောက်နေ့တွေကတော့ မုန်တိုင်းအခြေအနေအရပါပဲဟုပြောသည်။

ဘူသီးတောင်မြို့သို့ပြေးဆွဲသည့် မလိခ အမြန်ရေယာဉ်လိုင်းကိုလည်း ယနေ့ နံနက်မှစ၍ ပိတ်ထားလိုက်ပြီဟု အဆိုပါ ရေယာဉ်လိုင်းတာဝန်ခံ ကိုအောင်ကိုလင်းကပြောသည်။

ယနေ့ (၂၄-၅-၂၀၂၁) မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ယာစ်(Yaas)”သည်  သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island)မြို့၏ အနောက်မြောက်ဘက် ရေမိုင်(၂၅၀)မိုင်ခန့်၊ ပုသိမ်(Pathein)မြို့၏ အနောက်ဘက် ရေမိုင် (၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မြန်မာနိုင်ငံ မိုးဇလမှ သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ