ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ ရခိုင်တွင်မိုးဆက်လက်ရွာနိုင်၊ သံတွဲမိုးစံချိန်သစ်တင်ဟု မိုးဇလထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 5.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂၇/ ၂ဝ၂၁
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေသဖြင့် ရခိုင်တွင် ဆက်လက် မိုးကြီးနိုင်ကြောင်း၊ ယနေ့ သံတွဲတွင် မိုးရွာသွန်းမှုမှာ စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ယနေ့ ဇူလိုင်လ ၂၇ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
လက်ရှိ ရခိုင်ပြည်နယ် နေရာအနှံ့တွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး သံတွဲမြို့တွင် ရွာသွန်းခဲ့သည့် မိုးရေချိန်လက်မမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄ နှစ် (၆-၇-၂၀၀၇) အတွင်းက ရွာသွန်းခဲ့သည့် မိုးရေချိန်ကို စံချိန်ကျိုးသွားခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးဦးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ပြည်နယ်ဦးစီးမှူး ဦးထွန်းအေးကျော်က “ မိုးရေချိန်က ၂ဝဝ၇ လောက်က ရွာသွန်းမှုက စံချိန် ချိုးသွားတာပေါ့။ သံတွဲပတ်ဝန်းကျင် မြို့နယ်တွေလည်း ရေလွှမ်းမိုးမှုဖြစ်နေတာပေါ့ လက်ရှိ အနေအထားအရပါ။ စိုးရိမ်ရေမှတ်ဆိုတာက မိုးရေချိန်များတဲ့အတွက် သံတွဲချောင်း ကျော်လွန်လာတဲ့ အတွက် သံတွဲမြို့ပေါ်မှာ ရေလွှမ်းမိုးမှုတွေ ရှိနေပါတယ်။ လက်ရှိအနေအထားအရ ကျွန်တော်တို့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းဖက်မှာလည်း လေဖိအားနည်း ရပ်ဝန်း ဖြစ်နေပါတယ်။ အဲဒီတော့ မိုးက ဒေသအလိုက် မိုးကြီးမယ့်ဟာကတော့ ရှိနေပါသေးတယ်ဗျ” ဟုပြောသည်။
သံတွဲမြို့တွင် (၆-၇-၂၀၀၇) ယခင်စံချိန်ဟောင်းမှာ ၃၅ဝ မီလီမီတာ(သို့) ၁၃ ဒဿမ ၇၈ လက်မရှိခဲ့ပြီး ယနေ့စ စံချိန်သစ်မှာ ၃၈၈ မီလီမီတာ(သို့) ၁၅ ဒဿမ ၂၈ လက်မအထိ စံချိန်ကျိုးခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။
“ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ နောက်ဒေသခံတွေကို မိုးဇလနဲ့ ပတ်သက်လို့ မြစ်ရေတွေ၊ ချောင်းရေတွေကြီးတဲ့ဟာတွေကို ကျွန်တော်တို့က သတင်းထုတ်ပြန်ရတဲ့ဌာနကို။ ကျန်တဲ့ အပိုင်းတွေကိုတော့ သက်ဆိုင်ရာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုအဖွဲ့တွေကတော့ ရေကြီးတဲ့ ဒေသတွေကိုတော့ ပြည်သူတွေအတွက် လုပ်ဆောင်နေတဲ့အဖွဲ့တွေလည်း ရှိနေပါတယ်နော်” ဟုပြောသည်။
ယမန်နေ့ ဇူလိုင်လ နံနက်ပိုင်းမှစ၍ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူနှင့် အမ်းစသည့် မြို့နယ်များတွင် မိုးအဆက်မပြတ် ရွာသွန်း လာသည့်အတွက် လက်ရှိတွင် မြေနိမ့်ဒေသအများအပြား ရေးလွမ်းနေသည့် အနေအထားကို ရောက်ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အသိရသည်။
သံတွဲမြို့တွင် လက်ရှိ အနိမ့်ပိုင်းရပ်ကွက်တချို့လည်း နေအိမ်များ နစ်မြုပ် သွားခဲ့ပြီးဖြစ်ကြောင်း သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ၏ ပြောပြချက် အရသိရသည်။
ယနေ့ နံနက် ၁၂ နာရီခန့်က နယ်ပြည်တော် မိုးလေဝသနှင့် ဇလဗေဒက “ ယနေ့ မြန်မာစံတော်ချိန် (၁၁)နာရီ (၃ဝ)မိနစ် အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်ပေါ်နေပါသည်” ဟုထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သင့်ကြောင်ကိုလည်း သက်ဆိုင်ရာ လူမှုရေး လုပ်ဆောင်နေသူ၊ ကယ်ဆယ်ရေး ဆောင်ရွက် နေသူများက တိုက်တွန်းလျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ