သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

သံတွဲတွင် နှစ်ပေါင်း ရဝ ကျော်အတွင်း အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k


သျှင်မင်းဇံ
နိရ ဉ္စရာ၊ စက်တင်ဘာ ၄ / ၂ဝ၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့၏ စက်တင်ဘာ ၃ ရက်နေ့ အပူချိန်သည် နှစ်ပေါင်း ၇ဝ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
သံတွဲမြို့ရှိ မိုးလေဝသနှင့် ဇလဗေဒစခန်းဖွင့်ခဲ့သည့် ၁၉၄၄ ခုနှစ်မှစ၍ ၂၀၁၈ ခုနှစ်အထိ (၇၄)နှစ်အတွင်း အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခုအခါ ၁၈.၃ ဒီဂရီ စင်တီဂရိတ်သို့ပြောင်းလဲသွားသည့်အတွက် အနိမ့်ဆုံးအပူချိန် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ကျနော်တို့ စက်တင်ဘာ ၃ ရက်နေ့မှာ ပြီးခဲ့တဲ့နှစ်တွေရဲ့စံချိန်တွေကို ကြည့်လိုက်တာပေါ့။ အဲဒီ အပူချိန်တွေထက် အခုအပူချိန်နည်းနေတဲ့အတွက် အနိမ့်ဆုံးအပူချိန်သတ်မှတ်တာ။ အနိမ့်ဆုံးအပူချိန်ကို ညနေဖက်တိုင်းတယ်။ နေပြည်တော်ကလည်း အဲမှတ်တမ်းဟောင်းတွေကို ပြန်ကြည့်တယ်။ ဒီအပူချိန်က ဘယ်နှစ်ခုအနိမ့်ဆုံးအပူချိန်ကို စံချိန်ကျိုးတယ်ဆိုတာကို မိုး/ဇလ နေပြည်တော်က သတင်းထုတ်ပြန်တာပါ"ဟု ရခိုင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းအေးကျော်က နိရ ဉ္စရာသို့ ပြောသည်။
သံတွဲမြို့သည် တောင်ဂျိုင်နှင့် တောင်များဝိုင်းရံထားသည့်အပြင် မြို့၏ရာသီဥတုမှာ ပူသည့်အချိန်တွင် အပူများ၍ အေးသည့်အချိန်တွင် အခြားနေရာဒေသများထက် အပူချိန်ပိုကျနေတတ်သည်ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)ခုအနက် သံတွဲတစ်မြို့တည်းတွင် ယခုကဲ့သို့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ