သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင် ငစံဘော်မှ ရွာသားတစ်ဦး မိုင်းထိ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော် (မုဆိုး) ချောင်းကျေးရွာမှာ လူကြီးတစ်ဦး ကျွဲရှာရန် သွားစဉ် မိုင်းထိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ငစံဘော်ကျေးရွာမှ ဦးသိန်းဇောအောင်(ဘ)ဦးကျော်ခေါင် (၅၆) နှစ်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
 
ဦးသိန်းဇောအောင်သည် ယနေ့ နေ့လယ်က ငစံဘော်ကျေးရွာနှင့် အမျှက်တောင် ကျေးရွာကြားတွင် ကျွဲရှာရန် သွားစဉ် မိုင်းပေါက်ကွဲပြီး ခြေထောက်နှစ်ဖက်လုံးပြတ်သွားကာ သေဆုံးသွားခဲ့ခြင်းဟု ပြောဆိုသည်။

သူ၏ အလောင်းအား ရသေ့တောင်မြို့သို့ ယူဆောင်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။

အဆိုပါ အနီးဝန်းကျင်တွင် ယမန်နေ့က  မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော်  ( AA ) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

---------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂/၂ဝ၂ဝ


 



ဆက်စပ် သတင်းများ