စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ငပလီမြို့ ဂျိတ္တောရပ်ကွက်တွင် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံး မီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

သျှင်မင်းဇံ
နိရဥ္စရာ၊ စက်တင်ဘာ ၂၆/၂၀၂၁
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်ရှိ လူနေအိမ်တစ်လုံးတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
မီးသွားခဲ့သည့် နေအိမ်မှာ ဂျိတ္တောရပ်ကွက် ညောင်ဝိုင်းကျောင်းနောက်ဘက်တွင် နေထိုင်သော ဒေါ်မြူမချေ၏ နေအိမ်ဖြစ်ပြီး ယမန်နေ့ စက်တင်ဘာလ ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ဘုရင်စင်၌ထွန်းထားသည့် ဆီးမီးတိုင်နှင့် အမွှေးတိုင်မှစ၍ မီးလောင်သွားခြင်းဖြစ်ကြောင်း ဂျိတ္တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က နိရဥ္စရာသို့ ပြောသည်။
“တစ်အိမ်တည်း မီးလောင်သွားတာ။ အပေါ်ပိုင်းမှာ အထပ်သားတွေနဲ့ ကာရံထားတဲ့ နေရာလောက်ပဲလောင်သွားတာ။ သွပ်ခေါင်မိုးကတော့ မလောင်သွားဘူး ”ဟု ပြောသည်။
ယင်းနေအိမ်အား ဂျိတ္တောရပ်ကွက် အရံမီးသတ်တပ်ဖွဲ့များ၊ သံတွဲမြို့မှ မီးသတ်ယာဉ် (၃)စီးနှင့် ရေသယ်ယာဉ် (၁) စီး စုစုပေါင်း (၄) စီးဖြင့် မီးသတ်ရာ ညနေ ၈ နာရီခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဒေါ်ဖြူမချေတွင် ကာလတန်ဖိုး ငွေကျပ် ၃ သိန်း ၇ သောင်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ