စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် မူဆလင်ဘာသာရေးကျောင်း မီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.1k

သဉ္ဇာနွယ်
နိရဉ္စရာ၊ နိုဝင်ဘာ ၁၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မူဆလင်ဘာသာရေး အာရဗီကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ 
မီးလောင်မှုဖြစ်ပွားခဲ့သောကျောင်းမှာ ဘူးသီးတောင်မြို့နယ်၊ မီးချောင်းဈေးကျေးရွာတွင်တည်ရှိသော အလျားပေ ၁၂၀၊ အနံ ၂၂ ပေ၊ သွပ်မိုး၊ အာရ်စီအမျိုးအစား ဘာသာရေးကျောင်း (၂)ထပ်ဆောင်ဖြစ်သည်။
အဆိုပါကျောင်းဆောင်အပေါ်ထပ်တွင် ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မီးချောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာဘီဇီရာက နိရဉ္စရာကိုပြောသည်။
"မီးဘယ်လို လောင်သွားမှန်းမသိပါဘူး။ ရှို့မီးလား၊ ဒီအတိုင်းလောင်တာလား မပြောတတ်ဘူး"ဟုပြောသည်။
၎င်းမီးလောင်မှုကို မီးချောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရွာသူ/သားများက ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြှိမ်းသွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်အား အသေးစိတ်စုံစမ်းလျက်ရှိကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့နယ် မီးသတ်တပ်ဖွဲ့ကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် နံနက်အစောပိုင်းကလည်း အဆိုပါ မီးကျောင်းဈေးကျေးရွာအုပ်စုရှိ ကူးတို့ဆိပ်ကျေးရွာ အလက(ခွဲ)ကျောင်းအတွင်းရှိ ကျောင်းဆောင်တစ်ဆောင်နှင့် အနီးရှိနေအိမ်တစ် လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ဓာတ္ပုံ - ေပးပို့

ဆက်စပ် သတင်းများ