ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြောက်ဦး ဝေသာလီကျေးရွာတွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၂ လုံးဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင် ယနေ့ မေလ ၁၇ ရက် နေ့လယ် ၁၂ နာရီကျော် အချိန်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ဆုံးရှုံးသွားသည်ဟု သိရသည်။
မီးလောင်မှုကြောင့် လူနေအိမ် ၂ လုံး မီးလောင်သွားသည်မှ အပ လူနှင့် တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ဟု မြောက်ဦးမြို့နယ် မီးသတ် ဦးစီးဌာနမှ ဦးစီးမှုး ဦးလှဝင်းကပြောသည်။
"မီးငြိမ်းလို့အခုပြန်လာနေပြီ။ကျွန်တော်တို့ ရောက်သွားတော့ မီးကငြိမ်းသွားပြီ။ကျွန်တော် တို့ဆီကိုသတင်းရတာက ၁နာရီလောက်မှာမှ ရောက်တယ်။ မီးလောင်နေတာက ၁၂နာရီ ၄၅မိနစ်က။ အိမ်တော့နှစ်လုံးပါသွားတယ်"ဟု ဆိုသည်။
မီးလောင်ရသည့်အကြောင်းအရင်းမှာ နေအိမ်တစ်အိမ်ရှိ မီးဖိုချောင်တွင် ကျန်ရှိခဲ့သည့် မီးကြွင်းမီးကျန်မှတစ်ဆင့် လောင်းကျွမ်းသွားခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၉ရက်နေ့တွင်လည်း ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရား အနီးရှိ မဟာမုနိစစ်ဘေးရှောင်စခန်း မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စစ်ဘေးရှောင်အိမ် ၂၆၂ လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ