အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြောက်ဦးတွင် မီးလောင်မှုဖြစ်၍ မုန့်တီခြောက်အလုပ်ရုံ(၁)လုံးနှင့် အင်ဂျင်မီးစက်(၁)လုံး ဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မီးလောင်မှုဖြစ်၍ မုန့်တီခြောက်အလုပ်ရုံ(၁)လုံးနှင့် အင်ဂျင်မီးစက်(၁)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ အလယ်စျေးအုပ်စု၊ လွမ်းတောင်ရပ်ကွက်တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် ညဥ့် ၁၂ နာရီ ၅ မိနစ်အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေပန်ကာသို့သွယ်တန်းထားသော ဟောင်းနွမ်းနေသည့် ဝါယာကြိုး အပူလွန်ကဲရာမှတဆင့် အနီးရှိ မျက်နှာကျက်သို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး မုန့်တီခြောက်အလုပ်ရုံ(၁)လုံးနှင့် အင်ဂျင်မီးစက်(၁)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။
လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ဟုလည်း သိရသည်။
အဆိုပါမီးလောင်မှုကို မြောက်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးခိုင်ဇော်ဟိန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၁၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ စုစုပေါင်း(၁၉)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့နှင့်အတူ မီးလောင်ပြင်သို့ သွားရောက်ငြှိမ်းသတ်ခဲ့ရသည့်အတွက် ညဥ့် ၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ - ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ