စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်၍ ကုန်စုံဆိုင် ၁ ဆိုင်၊ Light Truck ကား ၁ စီးနှင့် ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.4k

နိရဥ္စရာ၊ သြဂုတ် ၁၁/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာကျေးရွာရှိ ကုန်စုံဆိုင် ၁ ဆိုင်တွင် ယမန်နေ့ညက ရေခဲသေတ္တာအပူလွန်ကဲရာမှတဆင့် မီးလောင်မှုဖြစ်၍ ကုန်စုံဆိုင် ၁ ဆိုင်၊ Light Truck ကား ၁ စီးနှင့် ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ သြဂုတ်လ ၁၀ ရက်၊ ည ၁၀ နာရီတွင် ရွှေပြည်သာကျေးရွာမှ ဦးရွှေလှနှင့် ဒေါ်ဦးဝေတို့၏ ကုန်စုံဆိုင်ထဲရှိ ရေခဲသေတ္တာ၏ Safe Guard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ကာ အနီးအနားရှိ စားကုန်ပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သွားရောက် မီးငြှိမ်းသတ်ခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုလင်းလင်းက နိရဥ္စရာကို ပြောသည်။
"ဆိုင်မှာက လူတစ်ယောက်မှမရှိဘူး။ မီးခိုးတွေထွက်ပြီး မီးထတောက်မှ မီးလောင်တာလို့ သိရတာ" ဟု ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ဟုလည်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါမီးလောင်မှုကို ဒေသခံများ၊ လူမှုအဖွဲ့အစည်းများနှင့် မီးသတ်ဌာနတို့က ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် ည ၁၂ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။ (NN -12)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ