ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေမြို့ လဝကဝန်ထမ်းအိမ်ယာအနီး အမှိုက်ပုံ မီးလောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

သိန္းေဇာ္(ေမာင္ေတာ)
စစ္ေတြ၊ ေအာက္တိုဘာ ၃၁/ ၂၀၁၉

ရခိုင္ျပည္နယ္နယ္၏ ျမိဳ႕ေတာ္ စစ္ေတြ၊ ျပည္ေတာ္သာ ရပ္ကြက္ေဟာင္း၊ လဝက ဝန္ထမ္းအိမ္ယာအနီး လမ္းမၾကီးေဘး အမွိဳက္ပံု ယေန႔နံနက္ပိုင္း ၁၁ နာရီခန္႔က မီးေလာင္မႈတစ္ခုျဖစ္ပြားခဲ႔ေၾကာင္း သတင္းရရွိသည္။

အဆိုပါမီးေလာင္မႈမွာ အမိူက္ပံုကို ေလာင္ကၽြမ္းျခင္းသာျဖစ္ေၾကာင္း ထိုေနရာအနီးမွ ေစ်းဆိုင္သည္မ်ားက ေျပာသည္။

ေစ်းဆိုင္သည္တစ္ဦးက “အဲဒီအမွိဳက္ပံု မီးေလာင္တာက ၁၁ နာရီေလာက္က ျဖစ္မယ္။ ဘယ္ကေနစျပီးေလာင္တယ္။ ဘယ္သူေၾကာင္႔ ေလာင္တယ္ဆိုတာကို မသိဘူး။ အမွိဳက္ပံု မီးေလာင္လို႔ မီးသတ္ကားေတာ႔ တစ္စီးေရာက္လာျပီး မီးျငိမ္းသတ္ခဲ႔တာေတြ႔ပါတယ္” ဟုေျပာသည္။

အဆိုပါ မီးေလာင္မႈႏွင့္ ပတ္သက္ျပီး လ၀က အိမ္ယာမီးေလာင္ေၾကာင္း လူမႈကြန္ယက္စာမ်က္နာတြင္ ပ်ံ႕ႏွံ႕ခဲ့ေသာ္လည္း ၎သတင္းမွာ အမွားျဖစ္ျပီး အမိႈက္ပံုကို မီးေလာင္ျခင္းသာ ျဖစ္ေၾကာင္း စစ္ေတြျမိဳ႕နယ္ မီးသတ္ဦးစီးဌာနသို႕ ဖုန္းျဖင့္ ဆက္သြယ္စဥ္ ေျပာၾကားသည္။

-----------------------

Unicode


စစ်တွေမြို့ လဝကဝန်ထမ်းအိမ်ယာအနီး အမှိုက်ပုံ မီးလောင်မှုဖြစ်ပွား

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၃၁/ ၂၀၁၉

ရခိုင်ပြည်နယ်နယ်၏ မြို့တော် စစ်တွေ၊ ပြည်တော်သာ ရပ်ကွက်ဟောင်း၊ လဝက ဝန်ထမ်းအိမ်ယာအနီး လမ်းမကြီးဘေး အမှိုက်ပုံ ယနေ့နံနက်ပိုင်း ၁၁ နာရီခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်မှုမှာ အမိူက်ပုံကို လောင်ကျွမ်းခြင်းသာဖြစ်ကြောင်း ထိုနေရာအနီးမှ စျေးဆိုင်သည်များက ပြောသည်။

စျေးဆိုင်သည်တစ်ဦးက “အဲဒီအမှိုက်ပုံ မီးလောင်တာက ၁၁ နာရီလောက်က ဖြစ်မယ်။ ဘယ်ကနေစပြီးလောင်တယ်။ ဘယ်သူကြောင့် လောင်တယ်ဆိုတာကို မသိဘူး။ အမှိုက်ပုံ မီးလောင်လို့ မီးသတ်ကားတော့ တစ်စီးရောက်လာပြီး မီးငြိမ်းသတ်ခဲ့တာတွေ့ပါတယ်” ဟုပြောသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး လဝက အိမ်ယာမီးလောင်ကြောင်း လူမှုကွန်ယက်စာမျက်နာတွင် ပျံ့နှံ့ခဲ့သော်လည်း ၎င်းသတင်းမှာ အမှားဖြစ်ပြီး အမှိုက်ပုံကို မီးလောင်ခြင်းသာ ဖြစ်ကြောင်း စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့် ဆက်သွယ်စဉ် ပြောကြားသည်။

အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခြင်းကို စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြုပြောကြားပြီး မီးလောင်မှု စဖြစ်ခြင်းကို ပြောကြားခြင်း မရှိပါ။

ဆက်စပ် သတင်းများ