ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင်စစ်ပွဲနှင့်မဆိုင်ဘဲ ယခုနှစ်အတွင်းမီးလောင်မှု ၇၃ ကြိမ်ရှိခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးကာ ဆုံးရှုံးမှု တန်ဖိုး သိန်း ၆ဝဝ ကျော်ရှိခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း မီးလောင်မှု ၇၃ ကြိမ် ဖြစ်ပွားခဲ့ကာ ကလေးငယ်တစ်ဦး သေဆုံးပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၆ဝဝ ကျော်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ် တပ်ဖွဲ့ရုံး၏ စာရင်းအရသိရသည်။

ယခုစာရင်းမှာ ရခိုင်စစ်ပွဲအတွင်း မီးလောင်မှုနှင့် မသက်ဆိုင်ဟု သိရသည်။

ပြည်နယ်မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူးဦးစီးမှူး ဦးသန်းထိုက်က “ မီးလောင်မှုအများဆုံးဖြစ်တာ မီးပူမီးတွေ၊ ပေါဆမီးတွေ၊ လျှပ်စစ်နဲ့ပတ်သက်တဲ့ မီးလောင်မှုတွေပေါ့နော်။ အရင်နှစ် ၂ဝ၁၉ ထက်တော့ လျှော့နည်းသွားတယ်။ အများဆုံးကတော့ ပေါ့ဆလို့ လောင်တာပို်များတယ်။ အခုက ပွင့်လင်းရာသီဖြစ်လာတဲ့ အတွက် ပိုသတိထားဖို့ ပြောချင်တယ်” ဟုပြောသည်။

၎င်းစာရင်းမှာ ၂ဝ၂ဝဝ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အထိဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သည့် ငွေကြေးပမာဏမှ ကျပ် ၆ဝ၅၇၁၃ဝဝ ကျပ် ရှိကြောင်း စာရင်းတွင် ဖော်ပြသည်။

မီးလောင်၍ သေဆုံးခဲ့သည့် ကလေးငယ်မှာ စစ်တွေမြို့နယ်၊ အုန်းတောကြီး ဒုက္ခသည်စခန်းမှ (၄၅) ရက်သား အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့က မီးလောင်ရာတွင် သေဆုံးသွားခဲ့သည်။

ယင်းဆုံးရှုံးမှုတန်ဖိုး  မီးလောင်မှုကြောင့် မိမိတို့၏ အိုးအိမ်စည်းစိမ်များဆုံးရှုံးရသည်သာမက မီးပေါ့ဆမှုဖြင့် အရေးယူခံရနိုင်သဖြင့် မီးဘေးအန္တရာယ်ကို မပေါ့ဆကြရန် ပြည်နယ် မီးသတ်တပ်ဖွဲ့  ညွှန်ကြားရေးမှူး ဦးစီးမှူးဦးသန်းထိုက်က ဆက်ပြောသည်။

လွန်ခဲ့သည့် ၂ဝ၁၉ ခုနစ်အတွင်းတွင် ရခိုင်ပြည်နယ်၌ အမျိုးသမီးနှစ်ဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပြီး မီးလောင်မှု ၁ဝ၃ မှုနှင့် ပစ္စည်းတန်ဖိုး သိန်း ၁ဝဝဝ ကျပ်နီးပါး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ- Rakhine Fire Force)

ဆက်စပ် သတင်းများ