စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ယာစ် အိန္ဒိယနိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 2.9k

နိရဉ္စရာ၊ မေ ၂၆/၂၀၂၁

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ယာစ် အိန္ဒိယနိုင်ငံမြောက်ပိုင်းကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်နေကြောင်း ယနေ့ မေလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် နာရီ အချိန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ၎င်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဘလာော (Balasore) မြို့တောင်ပိုင်းအနီးမှ ဖြတ်ကျော်လျက်ရှိကြောင်း  ဖော်ပြသည်။

 

 ယာစ် (YAAS)”သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၁.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၉၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၀) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၈၀)မိုင်နှုန်း ဖြစ်ပါသည်။

 

နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်မှာ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ကုန်းတွင်းမုန်တိုင်းအဖြစ် တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း ဖော်ပြသည်။

 

မုန်တိုင်းအရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၄၈)နာရီအတွင်း ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊   မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါကြောင်း၊ လှိုင်းအမြင့်မှာ (၁၃)ပေမှ (၁၅)ပေခန့်ရှိနိုင်ကြောင်း ဖော်ပြသည်။

 

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး  မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ကာ  လှိုင်းအမြင့်မှာ (၈)ပေမှ (၁၂)ပေခန့်ရှိနိုင်သည်ဟု ဆိုသည်။

 

ယာစ် (YAAS)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်ထားသည်။

ဆက်စပ် သတင်းများ