ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

အာစနီမုန်တိုင်းကြောင့် ရခိုင်တွင် လေကြောင်းနှင့် ရေကြောင်းခရီးစဉ်အချို့ ယာယီရပ်နား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

အေးမြတ်ခိုင်
နိရဥ္စရာ၊ မတ် ၂၁ / ၂၀၂၂
အာစနီမုန်တိုင်းငယ် (Depression)ကြောင့် ရခိုင်တွင် လေကြောင်းနှင့် ရေကြောင်းခရီးစဉ်အချို့ကို ယာယီရပ်နားလိုက်ကြောင်း သိရသည်။
အားကောင်းသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိလာသည့် အာစနီမုန်တိုင်းငယ်(Depression)ကြောင့် မတ်လ ၂၂ ရက်နေ့အတွက် လေကြောင်းခရီးစဉ်အားလုံးကို ယာယီရပ်နားထားကြောင်း ရွှေလူငယ်လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနက်ဖြန် တစ်ရက်တည်းပါ။ မနက်ဖြန် All Flight ပေါ့နော်။ အကုန်လုံး Cancel ပါ ခင်ဗျ”ဟု ပြောသည်။
ထို့အပြင် ရခိုင်ကမ်းရိုးတန်းတွင်ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်သည်လည်း ရခိုင်မြို့အချို့သို့ပြေးဆွဲမည့်ခရီးစဉ်အချို့ကို ယနေ့ မတ်လ ၂၁ ရက်မှစတင်ကာ ၂၃ ရက်အထိ ယာယီရပ်နားထားသည်ဟု ရွှေပြည်တန်အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းက နိရဥ္စရာကို ပြောသည်။
“အခုလောလောဆယ်ဖြစ်နေတဲ့ပုံစံက ၂၃ မှာ မုန်တိုင်းဝင်မယ်ဆိုတော့ ၂၄ တစ်ရက်ပြီးရင် ၂၅ လောက်မှာ ထွက်ဖြစ်ပါမယ်။ အဲလိုပဲ ခန့်မှန်းထားတယ်’’ဟု ပြောသည်။
ရပ်နားထားသည့် ရွှေပြည်တန်ရေကြောင်းခရီးစဉ်များမှာ စစ်တွေ-ကျောက်ဖြူ၊ ရမ်းဗြဲ-ကျောက်နီမော်၊ တောင်ကုတ်-မာန်အောင်ခရီးစဉ်တို့ဖြစ်သည်ဟု သိရသည်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ကမ်းရိိုးတန်းသို့ သံတွဲမြို့၏တောင်ဘက် ရေပိုင် ၃၁၅ မိုင်ခန့်မှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ညနေ ၄ နာရီအချိန်ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမုန်တိုင်းငယ်သည် လက်ရှိတွင် အားကောင်းလာနေပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ