ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အိမ်နီးချင်းဘင်္ဂလာဒေ့ရှ်တွင် လွန်ခဲ့သော ၆လအတွင်းအမျိုးသမီး ၆၃ဝအဓမ္မပြုကျင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ၊ ဇူလိူင် ၈ / ၂ဝ၁၉


အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် (၆) လအတွင်း အနည်းဆုံး အမျိုးသမီး ၆၃ဝ အဓမ္မပြုကျင့်ခံခဲ့ရပြီး အဆိုပါနှုန်းထားအရ တစ်ရက်တွင် အမျိုးသမီးဦးကျ ပြုကျင့်ခံနေရသည်ဟု ဘင်္ဂလာဒေ့ရှ် လူ့အခွင့်အရေးအဖွဲ့တစ်ခုမှ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


အမျိုးသမီး ၆၃ဝမှာအဓမ္မပြုကျင့်ခံရပြီး ၃၇ ဦးမှာ အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခံခဲ့ရသည်ဟု ဆိုသည်။ တစ်ခြား အမျိုးသမီး ၇ ဦးမှာ အဓမ္မ ပြုကျင့်ခံရပြီးနောက် မိမိကိုယ်ကို သတ်သေသွားခဲ့သည်။


အဓမ္မပြုကျင့်ရန် ကြံစည်ခံခဲ့ကြရသည့် အမျိုးသမီး ၁ဝ၅ ဦးရှိကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။


လွန်ခဲ့သည့်နှစ်က ယခုလိုအချိန် ၆ လအတွင်း၄၂၇ ဦးသာရှိခဲ့ပြီး ယခုနှစ်တွင် အရေအတွက် များပြားလာခြင်းဖြစ်သည်။


လူ့အခွင့်အရေးဖွဲ့  Ain o Salish Kendra (ASK)က ဇူလိူင် ၂ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။


Ref: 630 women raped in last 6 months

ဆက်စပ် သတင်းများ