- Web Master
- ၁၀ ဧပြီ ၂၀၂၃
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၇/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် သင်္ကန်းဝတ်ပြီး အလှူလှည့်ခံနေသော လူ ၅ ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာတွင် ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီခန့်က ကျေးရွာအတွင်း အလှူလှည့်ခံနေသည့် လူ ၅ ဦးကို ဖမ်းဆီးရရှိကြောင်း ကျောက်ကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်ထူးအောင်က နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
“၅ ယောက်မှာ ၂ ယောက်က ကားမောင်းတယ်။ ၃ ယောက်က ဘုန်းကြီးအယောင်ဆောင်ပြီး သင်္ကန်းဝတ်ထားတယ်။ သူတို့က ခြုံပုတ်တစ်ခုထဲဝင်ပြီး သင်္ကန်းဝတ်ပြီး ကျွန်တော်တို့ ရွာဘက်တွေကို ဝင်ရောက်ပြီး အလှူလှည့်ခံကြပါတယ်။ ရွာထဲမှာ ဖမ်းမိတာပါ ” ဟု ဦးဇော်ထူးအောင်က ပြောသည်။
အဆိုပါ လူ ၅ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်မှဖြစ်ကြောင်းလည်း ဦးဇော်ထူးအောင်က ဆက်ပြောသည်။
၄င်းတို့မှာ ဂွမြို့နယ် ကျိန္တလီမြှို့ရှိတည်းခိုခန်းတစ်ခုတွင် တည်းခိုပြီး သံတွဲမြို့နယ်သို့ ထွက်ခွာလာရာ ၄င်းတည်းခိုခန်းပိုင်ရှင်မှ မင်္သကာ၍ နောက်ယောင်ခံလိုက်စုံစမ်းရာမှ ထိုကဲ့သို့ ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကျောက်ကြီးရွာရဲ့ နယ်မြေခံ ရဲစခန်းမှာ သူတို့ကို အမှုဖွင့်ထားတယ်။ ဒီဇင်ဘာ ၉ ရက်နေ့ ရုံးတင်မယ်” ဟု ဦးဇော်ထူးအောင်က ဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်ကြီးကျေးရွာမှ နယ်မြေခံရဲစခန်းသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့သော် တာဝန်ရှိသူမှာ အစည်းဝေးသို့ တက်ရောက်နေသောကြောင့် ဖြေဆိုရန်အချိန်မရှိသေးကြောင်း ပြောဆိုသည်။
-----------------------------
Unicode:
နိရဉ်စရာ၊ ဒီဇငျဘာ ၇/ ၂ဝ၁၉