သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်း-မင်းဘူးကားလမ်းတွင် ယာဉ်ချောက်ထဲထိုးကျရာမှ လမ်းကြုံလိုက်ပါလာသူခရီးသည်တစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 266

အိမ်စိုးဖြူ

နိရဥ္စရာ ၊ မေ ၃ ၊ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအနီး အမ်း-မင်းဘူးကားလမ်းမကြီးတွင် မေလ ၂ ရက်နေ့ ညနေ ၄နာရီခန့်၌ ၆ ဘီး၊ကုန်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျသွားရာမှ လမ်းကြုံလိုက်လာပါလာသည့် သူ ခရီးသည်တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။


သေဆုံးသူမှာ အမ်းမြို့နယ်၊ ဆင်ခေါင်းကျေးရွာနေ ကိုထွန်းဝင်း(၂၅)နှစ်၊ (ဘ) ဦးမောင်ကြည်ဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ ဒုရဲအုပ်မင်းဆွေက နိရဥ္စရာသတင်းဌာနအားပြောသည်။


“သေတဲ့လူက နောက်တစ်ယောက်နဲ့အတူလမ်းကြုံလိုက်လာတာပါ။ အဲဒီမှာ ကားကဘရိတ်ပေါက်ပြီး ချောက်ထဲထိုးဆင်းသွားတာပါ။ အခုသေဆုံးသူနဲ့ဒဏ်ရာရတဲ့သူတွေက အမ်းဆေးရုံမှာပါ။ ဒရိုင်ဘာကိုတော့ စခန်းမှာထိမ်းသိမ်းထားပါတယ်” ဟု ဒုရဲအုပ်မင်းဆွေကပြောသည်။


သေဆုံးသူ ကိုထွန်းဝင်းတွင် ဦးခေါင်းသွေးထွက်ဒဏ်ရာဖြင့် အမ်းဆေးရုံအရောက်တွင်သေဆုံးခဲ့ပြီး ၄င်းနှင့် အတူယာဉ်ပေါ်တွင် လမ်းကြုံလိုက်လာသူ ကိုရန်အောင်နိုင်နှင့် ယာဉ်မောင်းကိုသန့်ဇင်ဆန်းတို့တွင် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမ်းဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရကြောင်း၊ စပယ်ယာ ဖြစ်သူ မောင်လှရွှေတွင် ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့ကြောင်း ၄င်းကဆက်ပြောသည်။


“သေဆုံးတဲ့လူက လမ်းကြုံလိုက်လာဆိုတော့ နောက်ခုံမှာထိုင်ရတာလေ။ တောင်တတ်လမ်းအကွေ့မှာ ချောက်ထဲ ထိုးကျတော့ ယာဉ်မောင်းနဲ့စပယ်ယာတို့ကရှေ့ကဆိုတော့ ခုန်ဆင်းလို့လွယ်တယ်။ နောက်က လူတွေက ဆင်းဖို့မရလိုက်တာဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကားနဲ့အတူပါသွားတာထင်တယ်”ဟု ၄င်းကဆက်ပြောသည်။


၄င်းယာဉ်သည် အမ်းမြို့နယ် ခမောင်းချောင်းကျေးရွာမှ သီဟိုဉ်သရက်သီးများတင်ဆောင်လာခြင်းဖြစ်ပြီး ဆင်ခေါင်းကျေးရွာမှ သေဆုံးသူ ကိုထွန်းဝင်းနှင့်အတူ ကိုရန်အောင်နိုင်ဆိုသူက လမ်းကြုံလိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


၄င်းနှင့်ပတ်သက်၍ အမ်းမြို့မရဲစခန်းမှ ယာဉ်မောင်းအား၃ဝ၄-က/၃၃၇ (ယာဉ်ပေါ့ဆစွာမောင်းနှင်မှု၊ လူသေမှုတို့ဖြင့်) အရေးယူဆောင်ရွက်နေကြောင်း ၄င်းဒုရဲအုပ်မှ သိရသည်။


-------------------------------


Unicode:




အိမျစိုးဖွူ

နိရဉ်စရာ ၊ မေ ၃ ၊ ၂ဝ၂ဝ















ဆက်စပ် သတင်းများ