သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောတွင် စိတ်ကြွဆေးပြား ၁၆၅၇၅ဝ ပြား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လသာကျေးရွာအနီး လယ်ကွင်းပြင်တွင် WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၇၅ဝ ပြား ပိုင်ရှင်မဲ့ဖမ်းဆိးရမိခဲ့ကြောင်း သတင်ရရှိသည်။

အဆို စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ဝ နာရီ ၅ဝ ခန့်က လုံခြံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ လသာ(အောက်)ကျေးရွာ အရှေ့ဘက် လယ်ကွင်းပြင်တွင် ဆာလာအိတ်ဖြင့်ထုတ်ပြီး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့မရဲစခန်းမှ ဂတ်စာရေး ဦးဘလှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“လသာကျေးရွာရဲ့အရှေ့ဘက် ကိုက် ၅ဝ လောက်အကွာ လယ်ကွင်းပြင်မှာတွေ့တာပါ။ ကွင်းပြင်ကတွေ့တာဖြစ်လို့ ပိုင်ရှင်ကိုတော့ မမိသေးဘူး။ အမှုတော့ဖွင့်ထားပါတယ်။ ပိုင်ရှင်ကို စစ်ဆေးစုံစမ်းဖို့အတွက် မောင်တောရဲစခန်းမှာ အမှုဖွင့်ထားတာပါ” ဟု ဂတ်စာရေးဦးဘလှက ပြောသည်။

ထိုဖမ်းဆီးရမိခဲ့သည့် ပိုင်ရှင်စိစစ်ဆဲ မူယစ်ဆေးဝါးများအား မောင်တောမြို့မရဲစခန်းတွင် မယ(ပ) ၄၈/၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း မောင်တောမြို့မရဲစခန်းက ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် WY/Rစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား၏ ခန့်မှန်းတန်ဖိုးမှာ ငွေကျပ်သိန်းပေါင်း ၃၃ဝဝ ကျော်ခန့်ရှိမည် ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ