သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောတွင် ကျပ်သိန်းပေါင်း ၃,၉ဝဝ ခန့်ရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 6.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၅/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဗိုလ်မှူးရွာ၊ ကြက်ခြေနီလမ်းတွင် ယမန်နေ့ ညနေ ၇ နာရီခန့်က ကျပ်သိန်းပေါင်း ၃,၉ဝဝ ခန့်တန်ဖိုးရှိသည့် WY စာတမ်းပါဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားမှာ မောင်တောမြို့၊ မြို့မအနောက်ရပ်ကွက်မှ မူဆလင်အမျိုးသားတစ်ဦးဖြစ်သူ ဦးဖာရူးပိုင် ဆေးပြားများဖြစ်သည်။
ယင်းဆေးပြားများကို ကိုတင်မိုးကျော်(ခ) ဇော်ဇော် (၃၂)နှစ် ဖြစ်သူအား ကားမောင်းပို့ခိုင်းရာတွင် ဗိုလ်မှူးရွာအနီး၌ မောင်တောမြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မောင်တောမြို့မရဲစခန်းမှ စခန်းမှူး မြင့်ကျော်ဦးက နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။
“ ဖြစ်စဉ်က ဖာရူးက ဗိုလ်မှူးရွာဆီကို တင်မိုးကျော်ကိုပို့ခိုင်းတာ။ ဗိုလ်မှူးရွာဖက်မှာ ဖုန်းနံပါတ်တစ်လုံးပေးထားပြီး အဲဒီကိုဆက်။ ဆက်ပြီးတော့ ကားရောထားခဲ့လိုက်ဆိုပြီးပေါ့။ ကြားထဲက တစ်ယောက်ပါသေးတယ်လို့ပြောတယ်။ တင်မိုးကျော်က ကယ်ရီပို့ပေးတာပေါ့။ ပိုင်ရှင်က ဖာရူးပါ။ ဖာရူးအိမ်ကို မနေ့ညက ကျွန်တော်တို့ သွားဝိုင်းတော့ ပြေးသွားတယ်။”ဟုပြောသည်။
ဖမ်းဆီးရမိသည့် အဆိုပါ WY စာတမ်းပါ ဆေးပြားပေါင်း ၁၉၅,ဝဝဝ(တစ်သိန်းကိုးသောင်းငါးထောင်) ကို ကာလတန်ဖိုး ၂ဝဝဝ ကျပ်ဖြင့် တွက်ချက်၍ မြန်မာကျပ်ငွေ သိန်းပေါင်း ၃,၉ဝဝ ခန့်တန်ဖိုး ရှိကြောင်းလည်း မောင်တောမြို့မရဲစခန်းမှ သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ကိုတင်မိုးကျော်ကို တရားဥပဒေနှင့်အညီအရေးယူနိုင်ရန် မောင်တောမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ