ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတွင် သိန်း ၁၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ လူတစ်ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

ဉ္စာနွယ်

နိရဥ္စရာ ၊သြဂုတ်၅/၂၀၂၁


စစ်တွေမြိုတွင် သိန်း ၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၉၇၀ ပြားနှင့်အတူ လူတစ်ဦး  သြဂုတ် ရက်နေ့ ဖမ်းဆီးခံသည်ဟု သတင်းရရှိသည်။

 

၎င်းကို စစ်တွေမြို့ ဘုမေရပ်ကွက်ရှိလက်ဖက်ရည်ဆိုင်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဘုမေအုပ်ချုပ်ရေှူး ဦးလင်းလင်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။


"ကျနော်တို့က ကွမ်းယာဆိုင်မှာ ထိုင်နေတုန်း သူတို့က တစ်ဖက်က လက်ဖက်ရည်ဆိုင် မှာပါ။ အဲ့ဒီအချိန်မှာ ဌာနဆိုင်ရာလူတွေနဲ့  မူးယစ်ရဲတပ်ဖွဲ့ကားတွေလာပြီး သူတို့ကိုဖမ်းသွားတယ်။ နှစ်ယောက်ထဲမှာ တစ်ယောက်ကထွက်ပြေးသွားတယ်"ဟု ပြောသည်။


ဖမ်းဆီးခံရသောသူမှာ ပုဏ္ဏားကျွန်းမြို့နယ်ကဖြစ်ကြောင်း၊  စိတ်ကြွရူးသွပ်ဆေးပြား ၆၉၇၀ပြား ဒေသကာလပေါက်စျေးတန်ဖိုးငွေ ၁၃၉ ဒဿမ ၄သိန်းခန့်ဖိုးရှိကြောင်း၊  လက်ကိုင်ဖုန်း တစ်လုံးကိုလည်း ဖမ်းဆီးရမိကြောင်း သိရှိရသည်။

 

ခရိုင်ရဲတပ်ဖွဲ့ရုံးသို့ ဆက်သွယ်ရာ ဖမ်းဆီးရမိခြင်းမှာ ဟုတ်မှန်ကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဆက်စပ် သတင်းများ