စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် ကျပ်သိန်းပေါင်း ၃,၆ဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 421


မင်းအဂ္ဂ
စစ်တွေ၊ စက်တင်ဘာ ၁၃ / ၂ဝ၂၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃,၆ဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
မောင်တောမြို့နယ်၊ ကြိမ်ချောင်း-တောင်ပြို သွားကားလမ်း၊ တရိန်း(မြို)ကျေးရွာ အနီးတွင် ပါဒွေး (၃ဝ နှစ်)မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စက်တင်ဘာလ ၁၂ ရက်နေ့ ည ၁ဝ နာရီခွဲအချိန်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်ပေါ်တင်ဆောင်လာသည့် ပီနံအိတ်အတွင်းမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မူးယစ်အထူးတပ်ဖွဲ့က ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
ဖမ်းမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများမှာ အပြားပေါင်း ၁၈ဝ,ဝဝဝ ပြား (ဒေသကာလပေါက်စျေးတန်ဖိုး ငွေကျပ်သိန်း ၃၆ဝဝ )ရှိပြီး လက်ကိုင်ဖုန်း ၁ လုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပါဒွေးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Photo - CCDAC Myanmar


ဆက်စပ် သတင်းများ