ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေရှိ အမျိုးသမီး ၁ ဦး၏နေအိမ်မှ ကျပ်သိန်း ၁၄ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဥ္စရာ၊ ဇူလိုင် ၁၄/ ၂ဝ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အမျိုးသမီး ၁ ဦး၏နေအိမ်မှ ကျပ်သိန်း ၁၄ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၃ ရက် ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်နေ မအေးသိန်း (၃၉ နှစ်)၏နေအိမ်အား ၀င်ရောက်ရှာဖွေစဉ် ယခုကဲ့သို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအမျိုးသမီးနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀ ပြား(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၄၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးအား စစ်တွေနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ