တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

မောင်တော နခခ(၅)အား AA ထိုးစစ်ဆင်နေ၍ တိုက်ပွဲနေ့ရောညပါ ပြင်းထန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

(နခခ(၅)မကျစေဖို့ စစ်‌ကောင်စီမှ Y-12 ဖြင့်ဗုံးလာကြဲ )

နောင်မင်းသူ နိရဉ္စရာ၊စက်တင်ဘာ ၂၉/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့ ထွက်၀တွင်တည်ရှိသည့် တစ်ခုတည်းသော လက်ကျန် နယ်ခြားစောင့်တပ် နခခ (၅)တပ်ရင်းအား အာရက္ခတပ်တော် (AA) ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲမှာ လက်ရှိအချိန်ထိ ြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

ယနေ့ က်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့် မှ ၀ နာရီအတွင်း စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့်  ခခ(၅)ဝန်းကျင်နှင် အခြား‌ နေရာများအား ဗုံးအလုံး ၂၀ ခန့်ကြဲချခဲ့သည်ဟု  မျက်မြင်ဒေသခံ ပြည်သူတစ်ဦးက ပြောသည်

" ဒီနေ့ မနက် ၉ နာရီလောက်မှာ Y-12တစ်စီး‌ နဲ့ နခခ(၅) ဝန်းကျင်အနီးကို ဗုံးချတာကို တွေ့ရတယ်။  ဗုံးအလုံး ၂၀ ကျော် အထိချ‌တာ။ အဝေးကနေ လှမ်းမြင်ရတယ်။ ဗုံးတွေ ကျတဲ့နေရာတွေ ခန့်မှန်း ရတာကတော့  ၃ မိုင်နဲ့ နခခ(၅)ကြား၊ သာစည်ရွာ၊ ၃ မိုင်ရွာဟောင်း၊ ဝေသာလီ၊ မောင်တောမြို့ဝင်၊ ကညင်တန်းက ဘင်္ဂလာကျောင်းနဲ့ လူကယ်ပြန်ရုံးနားနေရာတွေကို  ချနေတာတွေ့ရတယ်"ဟု ပြောသည်။

နခခ (၅) ဌာနချုပ်အား အာရက္ခတပ်တော် ( AA) မှ စက်တင်ဘာ လ ၂၇ ရက်နေ့ ညအချိန်မှစပြီး အပြီးသတ်သိမ်းပိုက်နိင်ရေး  ထိုးစစ်ဆင် တိုက်ခိုက်နေရာ စက်တင်ဘာ ၂၉ ရက် နံနက်အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

အာရက္ခတပ်တော် (AA)မှ အမြောက်ကြီးများဖြင့် စခန်းတွင်းသို့ ပစ်ခတ်ပေးနေသလို မြေပြင်မှလည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

စ်ကောင်စီကလည်း နခခ(၅) မကျစေဖို့ Y-12 ဖြင့်သာမက ဂျက်တိုက်လေယာဉ်များကိုပါ အသုံပြုပြီး ဗုံးကြဲကာ ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။

"တိုက်ပွဲက ၂၇ ရက်‌ ညအချိန်ကစပြီးဖြစ်နေကြတာ ၂၈ ရက်‌ တစ်နေ့နဲ့  တစ်ညလုံးလည်း   တိုက်ပွဲဖြစ်ကြတယ်။ လက်နက်ကြီး၊လက်နက်ငယ်သံတွေဆူညံစွာကြားနေရတယ်။ ရွာမှာ ညမအိပ်ဝံကြတောဘဲ တစ်ခြားရွာကိုပြောင်း ရွှေ့ပြီးအိပ်လိုက်ကြရတယ်"ဟု ၎င်းဒေသခံရွာသားက ပြောဆိုသည်။

မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေ သည့် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက် အရှိန် အဟုန်မြှင့်တင် သွားမည်ဟု အာရက္ခတပ်‌ တော် AA က စက်တင်ဘာ ၂၇ ရက် ထုတ်ပြန်သည့်နေ့မှစပြီး တိုက်ပွဲများ ပြင်းလျှက်ရှိနေတာလည်းဖြစ်သည်။

ရခိုင
်တွင် စစ်ပွဲတိုင်းအရှုံးနှင့်ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ်ကို မလုပ်နိုင်တော့သလို  ခံစစ်ဖြင့် ခုခံရာတွင်လည်း လေကြောင်းကိုသာ အဓိကထားပြီး ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!